
ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလား စတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။ သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦး Pitch Perfect ထဲက Fat Amy အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rebel Wilson က old Stephannie အဖြစ် သရုပ်ဆောင်ထားပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ် Genre.....Comedy Quality….1080p | 720p| 480p File size…1.8GB | 800MB | 290MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... MTA Encoder .....August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 720p | 856MB | Download | |
| 1080p | 1.8GB | Download | |
| 720p | 856MB | Download |
ထုတ်လွှင့်သည့်နေ့
May 11, 2022
ကြာချိန်
1h 52m
အဆင့်သတ်မှတ်ချက်
5.9 / 10
Director
Alex Hardcastle