
Semantic Error ဆိုတဲ့ စီးရီးလေးကို ကြည့်ဖူးတဲ့သူတွေကတော့ ဒီဇာတ်လမ်းလေးနဲ့ အကျွမ်းတဝင်ရှိကြမှာပါ။ ဒီမူဗွီလေးကတော့ စီးရီးအပြီးမှာ ထပ်မံထွက်ရှိလာတဲ့ မူဗွီလေး။ ကွန်ပြူတာသိပ္ပံမေဂျာက အမှန်တရားရဲ့ဘက်တော်သားလေးချူဆန်းဝူက ဖြောင့်မတ်ပြီး အေးတိအေးစက်နိုင်သူလေးပါ။ ဘယ်လောက်အသည်းမာလဲဆိုရင် ချူဆန်းဝူတစ်ယောက် ကျောင်းမှာ အဖွဲ့လိုက် Presentationလုပ်ဖို့ဖြစ်လာတဲ့အချိန် သူတစ်ယောက်တည်းပဲ ဒိုင်ခံလုပ်ရလို့ အခြားအဖွဲ့ဝင်တွေနာမည်ကို လူသိရှင်ကြားဖျက်ပြီး သူ့နာမည်ကိုသာ Presentationမှာရေးခဲ့တဲ့အထိပါပဲ။ ချူဆန်းဝူမသိလိုက်ဝာာကတော့ သူ့လုပ်ရပ်ကြောင့် စီနီယာကျောင်းသားဖြစ်သူ ဂျန်ဂျယ်ယောင်းရဲ့ ပညာရေးမှတ်တိုင်က ထင်သလိုမဖြစ်တော့ဘဲ တိုင်ပတ်သွားပါတော့တယ်။ ဂျန်ဂျယ်ယောင်းကတော့ ဒီဇိုင်းမေဂျာက လူချစ်လူခင်ပေါများပြီး ဆန်းဝူနဲ့ဆန့်ကျင်ဘက်စတိုင်ရှိတဲ့သူပါ။ နိုင်ငံခြားပညာတော်သင်သွားမယ့် ဂျန်ဂျယ်ယောင်းဟာ ဆန်းဝူကြောင့် သူ့ရဲ့မဟာစီမံကိန်းကြီးပျက်ရလို့ ပြဿနာရှင်းဖို့ ဆန်းဝူကို မရမက စရှာပါတော့တယ်။ ဒီလိုနဲ့ စရိုက်မတူတဲ့ သူတို့နှစ်ယောက် အတူတူတွဲလုပ်ဖို့အကြောင်းဖန်လာပြီး အစအနောက်သန်တဲ့ဂျန်ဂျယ်ယောင်းနဲ့ ရေခဲတုံးလေးချူဆန်းဝူတို့ကြားမှာ ထူးခြားတဲ့သံယောဇဉ်လေးတစ်မျိုး စတင်ရစ်ပတ်ချည်နှောင်လာတဲ့အခါမှာတော့ ... ရည်းစားမရှိတဲ့ CMပရိသတ်ကြီးတို့ကပဲ စောင်ကိုက်ပြီး ဆက်လက်ရှုစားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Khine Khine Wai ပါ။) File Size : 2.1GB, 969MB, 517MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 2hr 58mins Genre : Drama, Romance Translated by Ei Phyu Khin & Khine Khine Wai Encoded by Kinnov