
Selena Gomez ဆိုတဲ့ ကောင်မလေးဟာ ကျွန်တော်တို့ ကလေးဘဝတည်းက Disney ဇာတ်လမ်းတွေ သီချင်းတွေမှာ တောက်လျှောက်မြင်တွေ့ခဲ့ရပြီး ဖန်သားပြင်ကနေလည်း ပျောက်မသွားသူဆိုတော့ ကျွန်တော်တို့နဲ့ အတူတကွကြီးပြင်းလာခဲ့ရသလိုပါပဲ။ အနုပညာအလုပ်တွေဟာ စိတ်ဖိစီးမှုများတယ်၊ အလွန်ပင်ပန်းတယ်ဆိုတာ ကျွန်တော်တို့ ခဏခဏမြင်နေကြားနေကျပါ။ ဒီတော့ ကလေးလေးဘဝတည်းက အနုပညာရှင်ဖြစ်လာသူ Selenaအတွက်ရော စိတ်ပင်ပန်းမှုတွေ ဘယ်လောက်ရှိနေပြီလဲ။ Selenaဟာ အသက်၇နှစ်တည်းက အလုပ်တွေမရပ်မနား လုပ်ခဲ့ရပါတယ်။ အသက်၂၀ကျော်အရွယ် Selena အအောင်မြင်ဆုံးအချိန်မှာပဲ အချစ်ရေးလွန်ဆွဲမှုဟာ သတင်းသမားများရဲ့ ထိုးနှက်စရာဖြစ်လာပါတယ်။ ဘယ်သွားသွားဘာလုပ်လုပ် လူပုံအလယ်မှာ ဒီအကြောင်းတွေချည်း အက်ကြောင်းထပ် အမေးခံရတာပါပဲ။ တကယ်တမ်း ကျွန်တော်တို့တွေ အနုပညာရှင်တစ်ယောက် သူတို့အနုပညာလက်ရာတွေကို သဘောကျလို့ အားပေးရာမှာ သူတို့ရဲ့ပုဂ္ဂိုလ်ရေးကိစ္စတွေကိုရော ဝင်ရောက်စွက်ဖက်ခွင့် ရှိပါရဲ့လား။ ရောဂါရဲ့နှိပ်စက်မှုတွေ၊ သတင်းသမားတွေရဲ့ ထိုးနှက်မှုတွေ အစရှိသဖြင့် နေရာပေါင်းစုံကဖိအားတွေနဲ့ပေါ့။ ဒီလိုနဲ့ ကောင်မလေးအအောင်မြင်ဆုံးဖြစ်နေချိန်မှာ မှောင်အတိပြီးတဲ့ ချောက်နက်ထဲကို ကျသွားပါတယ်။ ဒီကောင်မလေးဟာ အလင်းတန်းလေးကို ပြန်လည်တွေ့ရှိဖို့ ခြောက်နှစ်ကြာခဲ့ပါတယ်။ ဒီ Documentary လေးဟာ ဒီအလင်းတန်းကို ပြန်လည်ရှာဖွေဖို့ ကြိုးပမ်းမှုတွေ၊ သူ့စိတ်အခြေအနေတွေကို အဓိကပုံဖော်ထားပါတယ်။ သင်ဟာ Selenaရဲ့ ပရိတ်သတ်တစ်ယောက်မဟုတ်ရင်တောင် စိတ်ရဲ့အေးချမ်းမှုကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားနေရသူဆိုရင် ဒီ Documentaryကိုကြည့်ဖို့ တိုက်တွန်းပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size : 2GB, 742MB, 388MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Biography, Documentary Translated by Jane Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 720p | 742MB | Download | |
| 1080p | 2GB | Download | |
| 720p | 742MB | Download |
ထုတ်လွှင့်သည့်နေ့
November 4, 2022
ကြာချိန်
1h 35m
အဆင့်သတ်မှတ်ချက်
8.2 / 10
Director
Alek Keshishian