
ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့ Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကို ရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။ မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့ သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရော သီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါ ပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက် Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီး Tour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလို ဝေဖန်မှုများစွာ ခံရပြီး career ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပါပါရာဇီနဲ့ရန်ဖြစ်လို့ ပြိုင်ကားမောင်းလို့ စသည်ဖြင့် ပြဿနာမျိုးစုံတက်ပြီး မီဒီယာတွေနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပြီး အောင်မြင်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ဘဝအလှည့်အပြောင်းအပြင် Believe Tour မှာ ဖျော်ဖြေခဲ့တဲ့ အမိုက်စား performance တွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ငယ်ဘဝကို အနည်းနဲ့အများ လွှမ်းမိုးမှုရှိခဲ့တဲ့ Justin Bieber ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ CM က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2GB / 1GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
December 19, 2013
ကြာချိန်
1h 32m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Jon M. Chu