
See You on Venus (2023) ဗီးနပ်စ်ကို သိပ်သဘောကျတဲ့ မီရာဆိုတဲ့ကောင်မလေးရှိတယ်။ မီရာ့အတွက်တော့ ဗီးနပ်စ်ကဂြိုလ်တစ်ခုဆိုတာထက် သူ့စိတ်ကူးယဥ်ကမ္ဘာပဲဆိုပါတော့။ “မီရာ နင်ဘာလို့ ဗီးနပ်စ်မှ ဗီးနပ်စ်ဖြစ်နေတာလဲ ဘာတွေများထူးခြားလို့လဲ ဗီးနပ်စ်က” “ငါ့ဗီးနပ်စ်ပေါ်မှာတော့ စစ်ပွဲတွေမရှိဘူး နာကျင်မှုတွေ ဆာလောင်မှုတွေမရှိဘူး ကလေးတွေကို မချစ်တတ်တဲ့မိဘတွေမရှိဘူး” မီရာကတော့ မိဘမဲ့ဂေဟာကကောင်မလေးပါ။ မီရာက ဗီးနပ်စ်ကိုတော့မသွားနိုင်ပေမယ့် သူ့အမေရှိနိုင်တဲ့စပိန်ကိုသွားပြီး အမေရှာပုံတော်ထွက်ဖို့ပြင်ဆင်နေသူလေးပါ။ စပိန်သွားဖို့ကို သူကနှစ်နှစ်တာငွေကို ခြစ်ခြစ်ကုပ်ကုပ်စုပြီး အသက်သာဆုံးဖြစ်အောင်စီစဥ်ထားတာပါ။ မီရာ့သူငယ်ချင်းတစ်ယောက်ကပြောဖူးတယ်။ “နင်မွေးဖွားလာတဲ့အတွက် ဝမ်းသာနေတဲ့လူတစ်ယောက်ယောက် တစ်နေရာရာမှာတော့ အမြဲရှိနေတယ်တဲ့” ဒါပေမဲ့မီရာခရီးမထွက်ခင်ပဲ ကောင်လေးတစ်ယောက်နဲ့ဆုံတယ်။ ဒီကောင်လေးက သူ့ကိုယ်သူ မွေးလာမသင့်တဲ့လူတစ်ယောက်လို့ထင်နေပြီး သတ်သေဖို့ကြိုးစားနေတာပါ။ သွက်လက်လွန်းတဲ့ဆယ်ကျော်သက်လေးမီရာက ဒီကောင်လေးကိုကူညီဖို့ကြိုးစားကြည့်ချင်စိတ်နဲ့ သူ့ခရီးစဥ်မှာအတင်းဆွဲခေါ်သွားတော့တာပါပဲ။ စပိန်တစ်ခွင်ကို ဗန်ကားလေးနဲ့ပတ်ပြီး မီရာ့အမေကိုရှာပုံတော်ဖွင့်တာက တစ်ချိန်ကထွက်ခဲ့တဲ့ Letters to Juliet ကိုသတိရစေတယ်။ စပိန်ရဲ့ အလှတရားတွေကိုလဲ ခံစားရဦးမယ်။ ဇာတ်လမ်းဇာတ်အိမ်လဲခိုင်မာပြီး ရထားတဲ့ IMDb rating 7 နဲ့လဲထိုက်တန်တယ်လို့ပြောပါရစေ။ ဒီကားကြည့်ပြီးရင် မီရာ့ရဲ့ဗီးနပ်စ်ပေါ်မှာ ပြန်ဆုံချင်ပါသေးတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.2GB | 672MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron