
"သင်ဟာ ဂြိုလ်သားတွေရှိကြောင်းယုံကြည်တဲ့သူလား"? လီဗြောင်ဂူဆိုတဲ့ လူသားတစ်ယောက်ကတော့ ဂြိုလ်သားတွေအခိုင်အမာရှိတယ်လို့ ယုံကြည်နေပြီး အဲဂြိုလ်သားတွေက အကြံအစည်တစ်ခုနဲ့ လူသားတွေထဲ ရောနှောနေထိုင်နေတယ်လို့ ယူဆထားပါတယ်။ ဘေးလူဘယ်သူကြားကြား အရူးလို့ထင်မြင်စေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူ၊ ငယ်ငယ်ကတည်းက အပယ်ခံတစ်ယောက်ဖြစ်လာတဲ့သူ့ကို ဘေးကနေအားပေးထောက်ပံ့ပြီး ကူညီပေးနေတဲ့ ဆူနီဆိုတဲ့ ချစ်သူကောင်မလေးလည်းရှိပါတယ်။ တစ်နေ့မှာတော့ ဂြိုလ်သားတွေရဲ့ခေါင်းဆောင်လို့ သူယူဆထားတဲ့ သူဌေးဂန်မန်ရှစ် ကို ချစ်သူကောင်မလေးနဲ့နှစ်ယောက်ပေါင်းပြီး ပြန်ပေးဆွဲကာ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဂြိုလ်သားခေါင်းဆောင်ဖြစ်သူကို နည်းပေါင်းစုံနဲ့ နှိပ်စက်မေးမြန်းရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီကားလေးကို ကြည့်ရင်းအဖြေရှာကြပါစို့။ ဒီကားက Sci-fi movie အမျိုးအစားဖြစ်လို့ ဗဟုသုတအစုံလည်းပါသလို comedy ပါဖြစ်တဲ့အလျောက် ပေါက်ကရတွေပါပြီး ခွီနေရတာမလို့ ကြည့်နေရင်း မပျင်းစေမှာတော့ အမှန်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChoThet ပါ။) File Size : (2.9GB), (1.3GB) & (452MB) Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 58mins Genre : Comedy, Drama, Crime Translated by Chothet Encoded by Kinnov