
ပြဇာတ်ဆန်ဆန် အေးအေးငြိမ့်ငြိမ့်လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီးချော Erin Richards နဲ့Draco Malfoyအနေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်ပေါင်းများစွာတည်းက စင်တင်ပြဇာတ်တွေနဲ့ အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို နောက်ပိုင်းနှစ်တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့ပေမယ့် လာရောက်ကြည့်ရှုသူ မရှိသလောက်နည်းနေသလို ၂လ၃လနေမှ တစ်ခါပြတဲ့ ပြဇာတ်တွေနဲ့ အသက်ဆက်နေရတာပါ။ ဒီလိုဒေဝါလီခံရကာနီးနေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ဈေးဝယ်စင်တာ ပြောင်းဆောက်ဖို့ ကြံနေသူတွေကတော့ ကာမာသန်မြို့တော်ဝန်နဲ့သူ့ရဲ့ ခရိုနီတွေပါ။ လစ်ရစ်ရုံဟာ ဝင်ငွေမရတော့ပေမယ့် မြို့ခံလူ တချို့အတွက် မမေ့နိုင်တဲ့အမှတ်တရများစွာ ရှိနေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါပေမဲ့ ကောင်စီအစည်းအဝေးကြီးမှာမထင်မှတ်ဘဲ မဲရှုံးနိမ့်သွားခဲ့တာကြောင့် ရုပ်ရှင်ရုံဖြိုချဖို့ အဆိုက အတည်ဖြစ်လာတဲ့အခါ လစ်ရစ်ရုံကြီးကို ကယ်တင်နိုင်ဖို့အတွက် မြို့ခံတွေဟာ မြို့တော်ဝန်နဲ့ ထိပ်တိုင်တွေ့ရပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:49:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 720p | 1 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
January 14, 2022
ကြာချိန်
1h 49m
အဆင့်သတ်မှတ်ချက်
6.3 / 10
Director
Sara Sugarman