
Sathi Gani Rendu Ekaralu 2023 IMDb 5.8/10 Comedy/Drama ကျေးလက်တောရွာလေးတစ်ခုမှာ ဘိုးဘွားပိုင်မြေကို ထိန်းသိမ်းရင်း လုပ်ကိုင်စားသောက်နေတဲ့ ဆာသီဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ အရင်က ဘိုးဘွားပိုင်မြေဧကများစွာရှိပေမယ့် အဖေဖြစ်သူရဲ့မကောင်းတဲ့ အကျင့်စရိုက်တွေကြောင့် ၂ဧကသာရှိတော့တဲ့မြေကို သားစဉ်မြေးဆက် ဆက်ပြီးအမွေပေးနိုင်အောင် ထိန်းသိမ်းနေရတာဖြစ်ပါတယ်။ တစ်ဖက်မှာ သမီးဖြစ်သူရဲ့ရောဂါအတွက် ခွဲစိတ်ဖို့ငွေတွေလိုလာတဲ့အခါ အဖေဖြစ်သူ ဆာသီတစ်ယောက် တွေးပူရပါတော့တယ်။ ဇနီးဖြစ်သူကလည်း အမျိုးမျိုးဖိအားပေးနေတာကြောင့် ငွေ ရအောင်ကြံရပါတော့တယ်။ ပိုင်ဆိုင်သမျှကို ထုခွဲရောင်းချပြီး သမီးဖြစ်သူကို ဆေးကုပေးလိုက်ချင်ပေမယ့်လည်း ဘိုးဘွားပိုင်မြေကို ထိန်းသိမ်းရဦးမှာ ဖြစ်တဲ့အတွက်ကြောင့် အကြပ်ရိုက်နေပါတော့တယ်။ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ထားတဲ့ ကားတစ်စီးကနေ ခရီးဆောင်အိတ်ရလာပြီး သူ့အခက်အခဲတွေ ဖြေရှင်းနိုင်တော့မယ်လို့လည်း ယုံကြည်နေပါတယ်။ ဒီခရီးဆောင်အိတ်ကို ဖွင့်ဖို့ရွာလည်နေရှာပါတယ်။ တစ်ဖက်မှာလည်း ဒီခရီးဆောင်အိတ်ကိုရှာတဲ့သူရှိနေသလို ဒီအမှုကို စုံစမ်းနေတဲ့သူလည်း ရှိနေပါတယ်။ ဆာသီတစ်ယောက် သူထင်ထားသလို အခက်အခဲတွေဖြေရှင်းနိုင်တော့မလား။ ဒီအမှုကဘာတွေဆက်ဖြစ်မလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းကို Cherry မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ Cherry,BpL,chiclon3,NyeinAye,Aditi တို့ပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 1080p | 2.1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download |