Preparing your cinema experience...

Saint-Exupéry (aka) Saint-Ex (2024) ကိုယ်ချစ်ရတဲ့သူတစ်ယောက်က သေသလားရှင်သလားမသိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ခဲ့ရင်သင်က ဘယ်လိုရွေးချယ်မှုမျိုးပြုလုပ်မလဲ…? ရှာဖွေမလား သေသွားပြီလို့ သဘောထားလိုက်မှာလား…။ ဒီကားလေးမှာဆိုရင်တော့ ဟင်နရီ ဂွေလာမတ်လို့ခေါ်တဲ့ အတော်ဆုံး လေယာဉ်မှူးတစ်ယောက်ဟာ အန်ဒိစ်တောင်တန်းတွေထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီအတွက် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ အန်တိုနီ ဒီ ဆန့်အိတ်စ်က ဘာတွေဆက်လုပ်မလဲ… ပျောက်ဆုံးနေတဲ့ဂွေလာမတ်ကိုရော ရှာတွေ့နိုင်သွားလာဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။