
Rushmore (1998) ~ IMDb - 7.6/10, Rotten Tomatoes - 90% ~ ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ ဒီဇာတ်ကားရဲ့ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity တွေမှာသာအားစိုက်ပြီး စာမှာညံ့ဖျင်းတဲ့ကျောင်းသားမျိုးဖြစ်နေပါတယ်။ အသင်းအဖွဲ့ပေါင်းများစွာဝင်ထားပြီး ပြဇာတ်ရေးတာကိုအားသန်သူပါ။ မက်စ်ဟာ ကျောင်းရဲ့ပင်တိုင်အလှူရှင် ဟာမန်ဘလူးမ်ကိုလေးစားအားကျနေသူဖြစ်ပြီး သွားစကားပြောရင်းကနေ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်သွားကြပါတယ်။ မစ္စတာဘလူးမ်ဟာ အသက် ၅၀ အရွယ် ချမ်းသာတဲ့ ကိုယ်ထူကိုယ်ထ ပိုက်ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး ဇနီးမယားနဲ့အတူ အမြွှာသားနှစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ရက်ရှ်မိုးကျောင်းကို ရို့မေရီခရော့စ်လို့ခေါ်တဲ့ ငယ်ငယ်ခပ်ချောချောဆရာမလေးရောက်လာပါတယ်။ မက်စ်ဟာ စာကြည့်တိုက်ကနေစာအုပ် ငှားဖတ်ရင်း မစ္စခရော့စ်ငှားဖက်ထားတဲ့ စာအုပ်ကိုဖတ်မိပြီး ဆရာမလေးကိုစိတ်ဝင်စားသွားပါတော့တယ်။ ဆရာမလေးနဲ့ ရည်းစားဖြစ်နိုင်ဖို့အတွက် မစ္စတာဘလူးမ်ဆီအကြံဉာဏ်တောင်းခံရင်း မစ္စတာဘလူးမ်ပါ ဆရာမလေးကိုကြိုက်သွားပါတယ်။ မက်စ်တစ်ယောက် သူရယ် မစ္စတာဘလူးမ်ရယ် မစ္စခရော့စ်ဆိုတဲ့ဆရာမလေးတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ... ကျောင်းမှာအမှတ်တွေမကောင်းလို့ ကျောင်းထုတ်ခံရနီးပါးဖြစ်နေတာကကောဘယ်လိုဖြစ်သွားမလဲ... ပြင်ပ Activity တွေလုပ်တာနဲ့ ပြဇာတ်ရေးတာတွေကကောရပ်သွားမှာလား... စတာတွေကို Background Music ကောင်းကောင်းရယ် သူမတူတဲ့ရိုက်ချက်တွေနဲ့ ရှုမြင်ခံစားရမှာပါ။ ဇာတ်ညွှန်းကို Wes Andersonနဲ့ Owen Wilson တို့ပေါင်းရေးထားတာဖြစ်လို့ သာမန်ဟာသကားတစ်ကားလိုမရိုးရှင်းဘဲ ရယ်ရမောရရင်း အနှစ်သာရတစ်ခုကိုသေချာပေါက်ရရှိခံစားရမှာလို့ပြောရင်း Rushmore ကိုကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Dinesh မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 33Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Dinesh Encoded by Y