
Running the Bases (2022) ငယ်စဉ်ကတည်းက ဘေ့စ်ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂ယောက် ရှိရာ ကံမကောင်းစွာပဲ အစ်ကိုဖြစ်သူ ဂျော့ရှ်က နှလုံးအားနည်းတဲ့ ရောဂါကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူရောဂါမျိုးဆေးစစ်တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ဘေ့စ်ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ ဒါပေမဲ့တစ်နေ့မှာ သူချစ်တဲ့ဘေ့စ်ဘောလောကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ဘေ့စ်ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ကျောင်းအသင်းလေးကို ဆုဖလား၉ကြိမ်ရအောင် ဦးဆောင်နိုင်သူ ဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ကျောင်းကြီးတစ်ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။ ဇာတိမြို့အသင်းကို ကိုင်တွယ်စဉ်က ဖိအားတွေ သိပ်မရှိခဲ့ပေမယ့် မြို့ကြီးပြကြီးမှာ ကျောင်းကြီးတစ်ကျောင်းရဲ့အသင်းကို ကိုင်တွယ် ရတဲ့အခါ ထင်သလောက်မလွယ်ဘဲ ဘက်ပေါင်းစုံက အခက်အခဲ များစွာ ကြုံလာရတဲ့အခါ လုခ်အနေနဲ့ ဘေ့စ်ဘောချစ်စိတ်တစ်ခုနဲ့ ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ပြမလဲ။ သူကိုင်တွယ်ရတဲ့ အသင်းကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မလား စောင့်ကြည့်ရမှာပါ။ အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre…..Drama, Family Quality…. 1080p | 720p | 480p File size…2.1GB | 1.1GB |373MB Format… mp4 Duration….2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JYJ Encoder ….. August