
Runner (2022) မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ခံစားချက်နဲ့ မရေရာတဲ့ အနာဂတ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့အသွင်အပြင်… ပြီးတော့ ဖခင်ရုတ်တရတ် ကွယ်လွန်သွားတဲ့ ၁၈ နှစ်ပြည့်စ ကျေးလက်မိန်းမငယ်လေး… ဒီကားက လူများ လူနိုင်တဲ့ IMDb ရိတ်တင်သာ မကောင်းရင်နေမယ် နှယ်နှယ်ရရရုပ်ရှင်တစ်ကားတော့မဟုတ်ပါဘူး။ TIFF မှာ အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာလည်း Best Film ဆုတွေချိတ်ထားပါတယ်။ ဒီလူငယ်အမျိုးသမီးဒါရိုက်တာအတွက် ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်တဲ့အပြင် ရုပ်ရှင်သမိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့ Ingmar Bergman ရဲ့ နာမည်ကို အစွဲပြုပေးထားတဲ့ Ingmar Bergman Debut Award လည်း ရထားပါတယ်။ ဒီ့ပြင်ကိုမှ Screening လုပ်ခဲ့တဲ့ ပွဲတော်တွေကိုကြည့်ရင် အနောက်တိုင်းက ရုပ်ရှင်ပွဲတော်တွေအပြင်ကိုမှ Shanghai International Film Festival တို့ Golden Horse Film Festival တို့လို အရှေ့တိုင်းရဲ့ ကျက်သရေဆောင်ပွဲတော်ကြီးတွေလည်း ပါဝင်နေပါတယ်။ ဇာတ်လမ်းအကြောင်းကို ပြန်ဆက်ရရင်… ဖအေတစ်ခုသမီးတစ်ခုနေတဲ့ မိန်းကလေးတစ်ယောက်ဟာ တစ်ရက် ဖခင်ဖြစ်သူ တိမ်းပါးသွားတဲ့နောက် ဖခင်ရဲ့ မသေခင်ဆန္ဒဖြစ်တဲ့ မွေးရပ်မြေမှာမှ အမြှုပ်ခံချင်တယ်ဆိုတဲ့ ဆန္ဒကို ဖော်ဆောင်ပေးဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ ဖခင်အလောင်းကြီးသယ်ပြီး အီလီနွိုက်ကို ချီတက်ခဲ့ပါတယ်။ အဲဒီမှာမှ ချစ်ခြင်းမေတ္တာနဲ့ ဆုံးရှုံးမှုအကြောင်းကို နားလည်တဲ့ လူငယ်လေး၂ဦးကြားက အဓိပ္ပါယ်ပါတဲ့ နှောင်ကြိုးလေးကိုတွေ့ရမှာပါ။ အမေရိကရဲ့ ကျေးလက်မြင်ကွင်းတွေကို လက်တွေ့ဆန်မှုနဲ့ ကဗျာဆန်မှုကြား ကျကျနန ပြသွားပြီး Still Life Image တွေကိုလည်း တွေ့မြင်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.45GB, 695MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 16Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.45GB | Download | |
| 1080p | 1.45GB | Download | |
| 1080p | 1.45GB | Download | |
| 1080p | 1.45GB | Download | |
| 720p | 695MB | Download | |
| 720p | 695MB | Download | |
| 720p | 695MB | Download | |
| 720p | 695MB | Download | |
| 720p | 695MB | Download | |
| 720p | 695MB | Download |
ထုတ်လွှင့်သည့်နေ့
February 2, 2023
ကြာချိန်
1h 16m
အဆင့်သတ်မှတ်ချက်
5.6 / 10
Director
Marian Mathias