
Runaway Jury(2003) အညွှန်း ************************* IMDb – 7.1 / Rotten 🍅 – 75% Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲ အပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်း ပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့ သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ.. မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာ အဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကို အလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက် တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့် သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလို ငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ် ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့် သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။ သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာ ရှေ့နေဖြစ်သူဝမ်ဒေါလ်ရိုဟာနဲ့ပေါင်းပြီး တိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကို ဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့.. John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင် Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ကြီးတွေရဲ့ သရုပ်ဆောင်ချက်၊ Plot twistအစုံနဲ့ ခန့်မှန်းမရအောင် ဆွဲခေါ်သွားမယ့် ဇာတ်လမ်းကောင်းဖြစ်တာမလို့ မကြည့်ရသေးဘူးဆိုရင်တော့ ခုပဲကြည့်ရှုခံစားကြည့်ဖို့ လက်တို့လိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်.. File Size :(1.9GB) (897MB) and (375MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…02:07:00 Genre : Crime , Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.9GB | Download | |
| 1080P | 1.9GB | Download | |
| 1080P | 1.9GB | Download | |
| 1080P | 1.9GB | Download | |
| 720P | 897MB | Download | |
| 720P | 897MB | Download | |
| 720P | 897MB | Download | |
| 720P | 897MB | Download | |
| 720P | 897MB | Download | |
| 480P | 375MB | Download | |
| 480P | 375MB | Download | |
| 480P | 375MB | Download | |
| 480P | 375MB | Download | |
| 480P | 375MB | Download |