
ဒီကားကို ရိုက်ထားတဲ့ director ကတော့ တခြားမဟုတ်ဘဲ The Godfather trilogy ကို ရိုက်ကူးပေးခဲ့တဲ့ Francis Ford Coppola ပဲ ဖြစ်ပါတယ်။ S. E. Hinton ရဲ့ Rumble fish ဆိုတဲ့ ၀တ္ထုကိုပဲ ပြန်ရိုက်ထားပြီးတော့ cinematography မှာလည်း အတော်လေး ထူးခြားတဲ့ကားကောင်းတစ်ကားပါ။ ဘယ်လိုမျိုးထူးခြားလဲဆိုတော့ သူ့အခေတ်အခါမှာရော အခုခေတ်အခါမှာပါ တွေ့ရနည်းတဲ့ camera ရှုထောင့်တွေကနေ creative ဖြစ်ဖြစ်ပဲ ရိုက်ကူးပေးထားပါတယ်။ close up ရိုက်ချက်တွေဆိုရင် ကျွန်တော့်အတွက်တော့ တော်တော်လေး unique ဖြစ်ပါတယ်။ တချို့နေရာတွေဆိုရင် အပေါ်က ပင့်ရိုက်တာတွေ အောက်ကပင့်ရိုက်တာတွေက ကြည့်ရတာ တစ်မျိုးကြီးလို့ ခံစားရပေမယ့် သဘောကျမိတာတော့ အမှန်ပဲဗျ။ Main character အနေနဲ့ကတော့ ဂျစ်ကန်ကန်ပေါ့ပျက်ပျက်နေတတ်တဲ့ လူငယ်တစ်ေယာက်လည်းဖြစ်၊ အကိုဖြစ်သူရဲ့ ကျော်ကြားမှုတွေ လွှမ်းမိုးခဲထားရတဲ့ ညီတစ်ယောက်လည်းဖြစ်တဲ့ Rusty James ဇာတ်ကောင်ကို Matt Dillon က သရုပ်ဆောင်ထားပြီးတော့… သူ့ရဲ့အကို လူထူးဆန်းလည်းဖြစ်တဲ့ Motorcycle boy အနေနဲ့ Mickey Rourke က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့အချစ်တော်ကြီး Nic Cage ကလည်း support character အနေနဲ့ ပါထားပါသေးတယ်။ screen time တော့နည်းပေမယ့် ဘဲကြီးတာ၀န်ကျေကျေပဲ ရှယ်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ ကိုယ့်ဘာသာကြည့်ရင်း feel သင့်တဲ့ကားမလို့ ကိုယ်တိုင် သေချာခံစားပြီး ကြည့်လိုက်ပါလို့ပဲပြောချင်ပါတယ်။ Plot ကအရမ်းကြီးမရှုပ်ထွေးပေမယ့် philosophy ဆန်ဆန် ကားကောင်းတစ်ကားဖြစ်တာမလို့ CM ပရိတ်သတ်ကြီး ကော်ဖီလေးတစ်ခွက်ေလာက်ထဖျော်ပြီး ေကာ်ဖီေလးအရသာခံရင်း chill လို့ရပါပြီခင်ဗျာ… (For parents: Nudity အနည်းငယ်ပါသည်) File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Coming-of-Age, Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wai Hlyun
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |