
အခုတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးကို မေ ၁၁ ရက်နေ့ကမှ ထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးပါရစေ။ နော်ဝေးနိုင်ငံက မင်းသမီးလေး မာဂရက်သီတစ်ယောက် လူထု အမြင် မိသားစုရေးကိစ္စတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေ ကြုံ တွေ့ရလေ့ရှိတဲ့ ပြဿနာတွေကို ဘယ်လိုမျိုးရင်ဆိုင်ရမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ကြည့်ရှူရမှာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... မင်းသမီးလေး မာဂရက်သီက သာမန်ဆယ်ကျော်သက်တစ်ယောက် ဖြစ်ပေမဲ့ တော်ဝင်မိသားစုမှာမွေးဖွားလာတာကြောင့် ဆယ်ကျော်သက် ဘဝကို အပြည့်အဝမခံစားရတဲ့သူပါ။ သူမရဲ့အပြုအမူတွေကို အမြဲ စောင့်ထိန်းနေရပြီး လူထုအမြင်ကွယ်ရာမှာ ပြောစကားကိုနာမခံဘဲ အရက်တွေသောက်ပြီး ဆေးတွေသုံးတာက သူမကိုလွတ်လပ်မှုကို ခံစားရစေပါတယ်။ တစ်နေ့မှာတော့ မာဂရက်သီ ဆေးသုံးနေတဲ့ပုံကို သူမရဲ့ သူငယ်ချင်းဖြစ်သူ ဂူ့စတက်က ဗီဒီယိုရိုက်သွားပါတယ်။ အဲဒီ ဗီဒီယိုကို ဖျက်ပစ်ပေးဖို့ပြောပေမဲ့ ဂူ့စတက်ကတော့ ဘာကိုမှရေရေ ရာရာမပြောခဲ့ပါဘူး။ ဒီလိုအကြပ်အတည်းကို ခံစားနေရတဲ့အချိန်မှာမှ ဒိန်းမတ်နိုင်ငံက မင်းသားလေး အလက်ဇန်းဒါးက သူမနဲ့တွေ့ဆုံဖို့ ရောက်လာတဲ့အချိန်မှာတော့...မင်းသမီးလေးက ဒီကိစ္စကို မပေါက် ကြားစေဘဲ ဖြေရှင်းနိုင်မှာလား...သူမဘယ်လိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(2.11 GB) / (763 MB) / (445 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 38Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......June Encoder..........Zin Phyo Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 720p | 763 MB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 763 MB | Download |