
Netflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့... သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ... ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်... ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။ တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင် ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့် ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့ လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီ အစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်... ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ထိုးဖောက်တွေနဲ့ရူးသွပ်တဲ့ Life Style ကိုတွေ့မြင်ရမယ် . Comedy လေးတွေချိုးသွား တာကလည်း ထိုင်ပြောင်ပြတာမျိုးတစ်ခန်းမှမပါဘဲကို ပြုံးရယ်သွားစေချင်တာမျိုးမို့ အတော်လေးကို ကြည့်လို့ကောင်း ပါတယ်။ နောက်တစ်ခုပြောပြချင်တာက တကယ့်အပြင်မှာ ရိုဆာနဲ့ ဂတ်ဘီက သေတဖန် သက်တဆုံး ပေါင်းဖက်သွားကြပါသတဲ့ 😁 (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 57min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Comedy, Drama Source : 1080p.WebRip Translator – May Myat Thu Encoder – SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |