
Sci-fi ကြိုက်သူပရိတ်သတ်တွေအတွက် epic sci-fi လေးတစ်ခု တင်ပေးထားပါတယ်။ Star Wars တွေဟာသိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်သမိုင်းရဲ့ အကျော်ကြားဆုံး ရုပ်ရှင်ဇတ်လမ်းတွဲတွေထဲက တစ်ခုပါပဲ။ ပထမဆုံး Star Wars ရုပ်ရှင်ကိုတော့ ၁၉၇၇ မှာ ပြသခဲ့ပြီး သူ့နောက်မှာ ၂ ကားဆက်တိုက်ထွက်ပြီး အဆုံးသတ်သွားခဲ့ပါတယ်။ ဒါပေမယ့် 1999 ကနေစလို့ နောက်ထပ် ၃ ကားထပ်ပြသခဲ့ပြီး လက်ရှိ ၂၀၁၅ မှာ တစ်ကား ၂၀၁၆ မှာ တစ်ကား ထပ်မံထွက်ရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဟိုးရှေးရှေးတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းတစ်နေရာမှာ ဂြိုလ်ပေါင်းများစွာ စုစည်းနေထိုင်ကြပြီး လွှတ်တော်နဲ့ ဒီမိုကရေစီစနစ်နဲ့ နေထိုင်ကြပါတယ်။ လွှတ်တော်အောက်မှာတော့ စကြဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဖြစ်တဲ့ Jedi သူရဲကောင်းတွေ ရှိနေပါတယ်။ Jedi တွေဟာ သက်ရှိတွေအားလုံးအတွင်းနဲ့ပတ်လည်မှာတည်ရှိနေတဲ့ Force ဆိုတဲ့ စွမ်းအင်ကို သုံးစွဲနိုင်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အလင်းဓားတွေနဲ့အတူ ကျော်ကြားကြပါတယ်။ Force ကိုပဲ Dark Side အမှောင်ခြမ်းမှ စွမ်းအင်ကို ယူသုံးတဲ့ Sith တွေကတော့ Jedi နဲ့ လွှတ်တော်တွေရဲ့ ရန်သူတော်တွေပါ။ Rogue One ရဲ့ ကာလကတော့ Star Wars III : Revenge of the Sith နောက်ပိုင်းမှာ Jedi အားလုံးလုပ်ကြံခံရပြီး ဒီမိုကရေစီကနေ အင်ပါယာထူထောင်ခံချိန်၊ အင်ပါယာကို Sith Lord နဲ့ Darth Vader တို့ အုပ်စိုးချိန်မှာ Rebellion တော်လှန်ရေးတပ်ကို စတင်ဖွဲ့စည်းတဲ့ကာလဖြစ်ပါတယ်။ ဒီဇာတ်ကားကို Star Wars IV : A New Hope မတိုင်ခင်ကာလအဖြစ်ကြည့်ရှုရမှာပါ။ A New Hope အစမှာ မင်းသမီးလိုင်ယာ လက်ထဲကို Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်တွေ ရောက်လာတာက စခဲ့တာဖြစ်တဲ့အတွက် ဒီကားမှာတော့ အဲဒီ Death Star ရဲ့ ပုံစံနဲ့ အားနည်းချက်ကို အသက်စွန့်ယူဆောင်ပေးကြတဲ့ Rebellion သူရဲကောင်းတွေရဲ့ တိုက်ပွဲတွေကို တွေ့ရပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။(ဒီကားထဲမှာ ဘုရင်ခံတာကင်နဲ့ မင်းသမီးလိုင်ယာတို့ရဲ့ ၁၉၇၇ က ဇာတ်ကောင်ပုံစံတွေအတိုင်း တူအောင် digital ပုံရိပ်ဖော်ပြီး ထည့်သွင်းပေးထားတာပါ) File Size : 950Mb / 500 Mb Duration : 2 hr Quality : Bluray Rip Translator : Littleneo Encoder : Littleneo