
Production budger ဒေါ်လာ ၅ သန်းနဲ့ ရိုက်ကူးခဲ့ပြီး Box-office မှာ ဒေါ်လာ ၃၃ သန်းထိ အောင်မြင်မှု ရရှိခဲ့တဲ့ Disney animated musical adventure comedy film လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရော်ဘင်ဟုဒ်ဆိုတာ ကလေးအစ ခွေးအဆုံး မသိတဲ့လူ မရှိ၊ လေးအတတ်မှာ တစ်ဖက်ကမ်းခတ်အောင် ထူးချွန်တဲ့ လေးသမားတစ်ယောက်ပါ။ မြန်မာဒဏ္ဍာရီလာ သူခိုးကြီးငတက်ပြားနဲ့လည်း သူက ခပ်ဆင်ဆင် ရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ရော်ဘင်ဟုဒ်ဟာလည်း ဆင်းရဲသားတွေကို ပြန်ကူညီဖို့ သူဌေးတွေဆီကနေ ပြန်ခိုးသူတစ်ယောက်ပါပဲ။ ရော်ဘင်ဟုဒ်အကြောင်း ဇာတ်လမ်းပုံပြင်တွေကတော့ ဒုနဲ့ဒေးပါပဲ။ တစ်ခုနဲ့တစ်ခုလည်း ကွဲပြားကြပါတယ်။ ဒီဇာတ်လမ်းထဲက ရော်ဘင်ဟုဒ်ကတော့ နော့တင်ဟမ်ဆိုတဲ့ အရပ်ဒေသက မြေခွေးတစ်ကောင်ပါ။ တောဘုရင်ခြင်္သေ့မင်းကတော့ ဒီဇာတ်လမ်းမှာလည်း ရစ်ချက်ဆိုတဲ့ ဘုရင်ကြီးတစ်ပါးပါပဲ။ ပြဿနာက ဒီဘုရင် စစ်ထွက်တိုက်နေတုန်းမှာ ထီးနန်းကို အချောင်လိုချင်တဲ့ သူ့ရဲ့ ညီဖြစ်သူ မင်းသားဂျွန်က အာဏာသိမ်းလိုက်ပါတယ်။ အာဏာရှင်တို့ရဲ့ ထုံးစံအတိုင်း ဘယ်သူသေသေ ငတေမာပြီးရော အချိုးတွေ စချိုးပါတော့တယ်။ နော့တင်ဟမ်က တိုင်းသူပြည်သားတွေကို အခွန်တွေ မတော်မတရားကောက်ပါတော့တယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူအုပ်ချုပ်မင်းလုပ်ချင်နေတဲ့ တိုင်းပြည်မှာ ရော်ဘင်ဟုဒ်ဆိုသူက ရှိနေပါတယ်။ ဒီတော့ မတရားတဲ့ ဘုရင်နဲ့ တရားမျှတမှုကို လိုလားတဲ့ ရော်ဘင်ဟုဒ်တို့ရဲ့ အားပြိုင်မှုတွေကို ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကာတွန်းကားဆိုပေမဲ့လည်း နယ်နယ်ရရတော့ မဟုတ်လှပေပါဘူး၊ အိမ်မှာ မိသားစုနဲ့လည်း အတူကြည့်နိုင်သလို ဖေဖေမေမေများလည်း ကိုယ့်ရဲ့ သားသမီးကို entertainment တစ်ခုနဲ့ life learning တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Disney ရဲ့ထုံးစံအတိုင်း ဘယ်ကားမဆို ဘဝသင်ခန်းစာ ပေးတဲ့ မက်ဆေ့တစ်ခုတော့ အနည်းဆုံးပါတတ်တာမလို့ ကြည့်ရကျိုးနပ်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ကြောင်း ပြောလိုက်ပါရစေ။ File size… 2.5 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 23m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Act Molemy
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |