
Reinas (2024) IMDb Rating (6.8) / Rotten Tomatoes (88%) “Queens” လို လူသိများတဲ့ “Reinas” ကို ဒါရိုက်တာ Klaudia Reynicke ရိုက်ကူးထားပြီး 74th Berlin International Film Festival မှာ Best Film in the Generation Kplus section အတွက် Grand Prix ဆုရရှိခဲ့ပြီး 97th Academy Awards မှာ Switzerland’s entry for the Best International Feature Film အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ စပိန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိသားစုဆက်ဆံရေးနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံကူးပြောင်းမှုကိစ္စတွေကို စစ်မှန်အောင်ဖော်ကျူးထားတဲ့ ရင်ထဲထိစရာ မိသားစုဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Plot summary 1990s ခုနှစ်ပိုင်း နိုင်ငံရေးတွေမကောင်းတဲ့ Peru မှာ နေထိုင်တဲ့ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Lucía နဲ့ Aurora က US အလုပ်ကိစ္စနဲ့နိုင်ငံကူးပြောင်းဖို့လုပ်နေတဲ့ သူတို့အမေ Elena နဲ့ အတူ US ကို လိုက်သွားဖိုစီစဉ်နေကြတယ်။ Aurora တို့ရဲ့ အဖေ Carlos ကတော့ တောထဲပျောက်သွားတာကြာနေပြီး သူစိမ်းတစ်ယောက်လိုပဲ သူတို့ရဲ့ဘဝထဲမှာ မရှိခဲ့တဲ့လူလိုဖြစ်နေပါပြီ။ ဒါပေမဲ့ Aurora တို့အမေ US သွားဖို့စီစဉ်နေတဲ့ ရက်ပိုင်းအတွင်းမှာပဲ Carlos က ရုတ်တရက် သူ့သမီးတွေဆီကိုပြန်ရောက်လာပါတယ်။ Carlos က သူ့ရဲ့သမီးတွေကိုအရမ်းချစ်ပြီး ကျပ်တည်းတဲ့အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားရပေမယ့် Aurora တို့ အတွက်တော့ သူတို့ကိုထားခဲ့တဲ့သူမို့ သူတို့အဖေကို ဖော်ဖော်ရွေရွေ ဆက်ဆံတာမျိုးတော့မရှိခဲ့ကြဘူး။ Carlos က သူ့သမီးတွေ US ကို မသွားခင် နောက်ဆုံးတွေ့ရမယ့်အချိန်လေးတွေမှာ အဖေနဲ့သမီးတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်ရဖို့ကြိုးစားရင်း ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ၊ ဖခင်နဲ့သမီးတို့ရဲ့ ချစ်ခြင်းမေတ္တာတွေရော ပြန်ထူထောင်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….Blu-Ray Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 750 MB | Download | |
| 720p | 750 MB | Download | |
| 720p | 750 MB | Download | |
| 720p | 750 MB | Download | |
| 720p | 750 MB | Download | |
| 720p | 750 MB | Download |
ထုတ်လွှင့်သည့်နေ့
August 22, 2024
ကြာချိန်
1h 42m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Klaudia Reynicke