
ဒီရုပ်ရှင်ကို A24က ရိုက်ကူးဖြန့်ချီခဲ့ပြီး 2021 July လ Cannes ရုပ်ရှင်ပွဲတော်မှာ စတင်ပြသခဲ့ပြီး ယူအက်စ် ပြည်တွင်း သီးသန့်ရုံတွေမှာပဲ ရုံတင်ပြသခဲ့တာဖြစ်ပါတယ် Cannes, Deauvilleလို ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုပေါင်း များစွာရရှိထားပြီးဖြစ်သလို Palme d'Orလို ဆုပေးပွဲကြီး တွေမှာလည်း ဒါရိုက်တာဆု၊ဇာတ်လမ်းဆုနဲ့ ဇာတ်ဆောင်ဆု စသဖြင့် Nominationsများစွာ ရရှိထားပါတယ်၊ ဒါ့အပြင် National Board of Reviewရဲ့ တစ်နှစ်တာအကောင်းဆုံး ဇာတ်ကား ၁၀ကားစာရင်းမှာလည်း ပါဝင်ထားပါတယ်၊ - IMDb အနေနဲ့ 7.6 - Rotten Tomatoes - 86%ရထားပြီး ရုပ်ရှင်ဝေဖန်ရေးသမားတွေလက်စွဲ Metacriticမှာ 75% အထိ rating အမြင့်စားကို ရရှိထားပါတယ်၊ ဇာတ်လမ်းအကြောင်း ပြောရမယ်ဆိုရင် ဒီဇာတ်ကားက လူတိုင်းအတွက် မဟုတ်ပါဘူး၊ Hollywoodရဲ့ porn industryမှာ ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့ဖူးသူ၊ လက်ရှိမှာ ဘဝပျက်ပြီးရုန်းကန်နေရတဲ့ Adult film starအကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်၊ ဒါကြောင့် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့အခန်းတွေ ပါဝင်သလို တချို့သောစကားပြောခန်းတွေကလည်း ကြမ်းပါတယ်၊ Mikey David aka Mikey Saberဟာ တချိန်ကတော့Hollywood adult filmလောကမှာ ဇာတ်ကားပေါင်း ၂၀၀၀ကျော်၊ အမြင့်ဆုံးဆု ၆ဆုပိုင်ရှင် Hall of Fame Nomination ၁၃ကြိမ်ဝင်ခဲ့ဖူးသူဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ studioတွေနဲ့ အဆင်မပြေတော့တာတကြောင်း၊ အသက်ရလာတာတကြောင်းကြောင့် သူ့ဇနီးဟောင်း porn modelဟောင်း Lexiဆီပြန်လာရင်း ဘဝသစ်စဖို့ ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ အပြာကားနဲ့ အပြာကားသရုပ်ဆောင်တွေဆိုတာက ကိုယ်တိုင်သာ ခိုးကြည့်ရင်ကြည့်မယ်၊ တကယ်လက်တွေ့မှာ ကြုံရဆုံရရင်တော့ အသက်မွေးဝမ်းကြောင်းတစ်ခုလိုမြင်ဖို့ရာ ခက်တဲ့အလုပ်ဆိုတော့ Mikeyလျှောက်သမျှ ဘယ်အလုပ်မှ သူ့ကိုမရွေးချယ်ခဲ့ပါဘူး၊ သမ္မာအာဇီဝနဲ့ ကြိုးစားလို့မရတော့တဲ့အဆုံး အရင်ကလို weedရောင်းရင်း အချိန်ကုန်လာခဲ့ရာကနေ တစ်နေ့မှာ Raylee( Strawberry) ဆိုတဲ့ မြီးကောင်ပေါက်အရွယ် အသက်၁၈နှစ်ပြည့်ဖို့ ၃ပတ်အလို ကလေးမလေးနဲ့အတွေ့မှာ Adult film industryကို ကလေးမလေးနဲ့အတူ ပြန်ဝင်ဖို့ ကြိုးစားပါတော့တယ်၊ ဒါပေမဲ့ သူရဲ့ရှုပ်ထွေးလှတဲ့ မိသားစုပြဿနာတွေ၊ weedသမားတွေရဲ့ ပဋိပက္ခတွေ၊ ကလေးမအပေါ် ထိမ်ချန်ထားခဲ့တဲ့ သူ့ဘဝမှန်အကြောင်းတွေက တစ်စငင် တစ်စင်ပါ နောက်ကလိုက်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို Dark comedyဆန်ဆန် ခပ်ကြမ်းကြမ်းကြည့်ရှုရမယ့် Rating ခပ်မြင့်မြင့် Drama ဇာတ်ကားကောင်းပဲဖြစ်ပါတယ် အညွှန်းကိုတော့ JimX က ရေးသားပေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ JimX နဲ့ Thiha Yan Naing တို့ပဲ ဖြစ်ပါတယ်။ Genre.....Comdey,Drama Quality….WEB-DL 1080p and 720p and 360p File size…1.78GB and 1.05GB and 395MB Format…mp4 Duration….2h 10min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX and Thiha Yan Naing Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.78GB | Download | |
| 720p | 1.05GB | Download | |
| 1080p | 1.78GB | Download | |
| 720p | 1.05GB | Download |