
Raymond & Ray (2022) ဒီရုပ်ရှင်ကိုတော့ The Sopranos လို မာစတာပိစ်စီးရီးကြီးမှာ ဝင်ရိုက်ဖူးပြီး ဆုရဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးရေးသားဖူးတဲ့ Rodrigo Garcia လို့ခေါ်တဲ့ ဒါရိုက်တာက ရိုက်ကူးထားပြီး Legend actor ဆရာကြီးနှစ်ပါးဖြစ်တဲ့ Ethan Hawke နဲ့ Ewan McGregor တို့က Main character နှစ်ယောက် ရေမွန်နဲ့ရေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ Comedy, Drama ပေမဲ့ Black Comedy လို့ပြောရင် ပိုတိကျပါမယ်။ အီသန်နဲ့ အီဝန်ဟာ ရေးနဲ့ ရေမွန်ဆိုတဲ့ အဖေတူ မအေကွဲ ညီအစ်ကိုတွေပါ။ သူတို့၂ယောက်စလုံးရဲ့ အမေတွေကလည်း သူငယ်ချင်းတွေပါ၊ သူတို့အခေါ်အရတော့ ဖွတ်ဖွတ်ကြေဇနီးများကလပ်ဝင်တွေလို ဖြစ်နေကြသပေါ့။ သူတို့အဖေက သူတို့၂ကောင်ကို ငယ်ငယ်ကတည်း အသေအနိုင်ကျင့် နှိပ်စက်ပါတယ်။ သူတို့၂ယောက်စလုံးက သူတို့အဖေကို မုန်းကြပါတယ်။ နှစ်အတော်ကြာပြီး တစ်နေ့မှာ သူတို့ဟာ သူတို့အဖေရဲ့ အသုဘကို သွားဖို့အကြောင်းဖန်လာပါတယ်။ သူတို့အဖေဟာ သူတို့ကို သူတို့မြေကျင်းကိုယ်တိုင်တူးပြီး မြုပ်စေချင်တာ အပါအဝင် ကကျိုးကကြောင် တောင်းဆိုချက်တွေထားခဲ့ပါတယ်။ သူတို့တောင်မသိတဲ့ ညီတွေလည်း ထားခဲ့ပါသေးတယ်။ အဖေ့အသုဘကို သွားကြတဲ့ ဘူလီခံခဲ့ရတဲ့ ညီအစ်ကို ၂ကောင်အကြောင်းကို Black Comedy ဆန်ဆန်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အီသန်နဲ့ အီဝန်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့တင် တော်တော်လေးတန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 842MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y