
အခုတကားကတော့စောင့်မျှော်နေကြတဲ့သူတွေအတွက်ရောHorrorကားကြိုက်တဲ့သူတွေအတွက် ပါအူယားစေမယ့်၂၀၁၇မတ်လထွက်ကားလေးလာပါပြီ။ ဂျက်စတင်ဆိုတဲ့ကောင်မလေးဟာမွေးကတည်းနေအသားနဲ့ဓာတ်မတည့်တဲ့အတွက်သတ်သတ်လွတ်ပဲ စားတဲ့သူဖြစ်ပါတယ်။သူတို့တမိသားစုလုံးသတ်သတ်လွတ်စားကြတာပါ။ ဒါပေမယ့်အဲဒါတွေအားလုံးဟာတိရိစ္ဆာန်ကုဆရာဝန်ကျောင်းရောက်တဲ့ပထမအပတ်တွင်းမှာပဲပြောင်းလဲသွားခဲ့ပါတယ်။ ကျောင်းရဲ့ထူးဆန်းတဲ့ကြိုဆိုမှုကြောင့်ဂျက်စတင်တယောက်အသားကိုစစားလိုက်ရပါတယ်။ အဲဒီကနေစပြီးအသားစားချင်တဲ့အာသီသဖြစ်နေခဲ့တာပါ။ နောက်တော့အခန်းဖော်အဆွယ်ကောင်းမှုနဲ့သူအသားညှပ်ပေါင်မုန့်စစားရင်း နောက်တော့အသားစိမ်းတွေကိုပါစမ်းစားကြည့်လာပါတော့တယ်။ ဒီလောက်နဲ့တင်ရပ်မသွားသေးပါဘူး။ တနေ့ကျောင်းမှာအရင်ကျောင်းတက်နှင့်တဲ့သူ့အစ်မဆီသွားရင်းမတော်တဆဖြစ်ပြီးသူ့အစ်မလက်ချောင်းပြတ်သွားပါတယ်။ ထိတ်ထိတ်ပြာပြာနဲ့ဖြစ်နေရင်းသူ့အစ်မလက်ကိုကိုက်မိပါတယ်တော့တယ်။ အဲဒီကနေစပြီးလူသားကိုပထမဆုံးစစားတော့တာပါပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့အူယားလာစေတဲ့ကားလေးဖြစ်ပါတယ်။ ၁၈+တွေကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေပါတဲ့အတွက်မိသားစုနဲ့မကြည့်သင့်ပါဘူး။ ဆိုတော့ဂျက်စတင်တယောက်သူ့အာသီသကိုဆက်ထိန်းနိုင်မလား။ အဲဒီကနေတဆင့်သူ့မိသားစုနဲ့ဘယ်လိုဆက်နွယ်နေသလဲ။ ဘာလျို့ဝှက်ချက်တွေရှိနေသလဲ။သူ့အစ်မကရောသူ့ကိုကူညီပေးမှာလား။ ပိုဆိုးစေမှာလား။ ဘာတွေကွယ်ဝှက်ထားတာရှိမလဲဆိုတာကတော့ဇာတ်ကားလေးမှာဆက်လက်ရှုစားလိုက်ပါဦးဗျာ။ (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung ပါ ) File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 39minutes Format : Mp4 Genre : Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw