
IMDb-6.3/10 ~ Rotten tomatoes-100% 2022 တုန်းကထွက်ရှိခဲ့တဲ့ စပိန်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ဝင်ခန်းအများစုကို အဖြူ၊ အမဲနဲ့ရိုက်ထားပြီးတော့ ရာမိုနာ ဆိုတဲ့ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အိုနာ (ရာမိုနာ) ဟာ သူနဲ့နှစ်အကြာကြီးတွဲခဲ့တဲ့ ကောင်လေးဖြစ်သူ နစ်ကို နဲ့အတူ လန်ဒန်မြို့ကနေပြီး မက်ဒရစ်မြို့ကိုပြန်ပြောင်းလာခဲ့တာပါ။ ရာမိုနာက မက်ဒရစ်မြို့မှာ အခြေချပြီးတော့အစကနေကြိုးစားရင်းနဲ့ မင်းသမီးလုပ်ပြီး သားသမီးတွေနဲ့ ဘဝကိုကုန်ဆုံးချင်သူပါ။ ဒီလိုနဲ့ သူဝင်ပြီးအရွေးခံမဲ့ သရုပ်ဆောင်ရွေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ လူရွေးပွဲလုပ်မဲ့နေရာနားက ဘားကိုသွားရင်းနဲ့ သူ့ထက်အသက်ကြီးတဲ့ ဘရူနိုနဲ့စကားလက်ဆုံကျပြီး ဘဝကြီးအကြောင်း၊ ကမ္ဘာကြီးအကြောင်းပြောရင်းအဖွဲ့ကျနေခဲ့ပါတယ်။ ဒီအချိန်မှာ ဘရူနိုက ရုတ်တရက်သူ့ကိုချစ်နေကြောင်း ပြောလိုက်တဲ့အတွက် ရာမိုနာလည်းလန့်သွားပြီး စကားအများကြီးဆက်ပြောမနေတော့ပဲ ထွက်လာခဲ့လိုက်ပါတယ်။ နောက်တစ်ရက် လူရွေးပွဲကိုသွားတဲ့အခါမှာ ဘရူနိုက ရုပ်ရှင်ရိုက်မဲ့ဒါရိုက်တာဖြစ်နေပြီး သူ့ကို ခေါင်းဆောင်မင်းသမီးအနေနဲ့ပဲတင်ရိုက်ဖို့ အတင်း ရွေးတဲ့အတွက် ရာမိုနာလည်း သရုပ်မဆောင်နိုင်ကြောင်းပြောရင်း ထွက်လာခဲ့လိုက်ပါတယ်။ ဒီအကြောင်းကို နစ်ကို သိသွားတဲ့အချိန် နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်မခံသင့်ကြောင်းပြောရင်းနဲ့ ပြန်ပြီးသရုပ်ဆောင်ဖို့တိုက်တွန်းခဲ့တာကြောင့် ဘရူနိုကို ပြန်ပြောရင်းနဲ့ ရာမိုနာရောသူဖြစ်ချင်တဲ့ မင်းသမီးဖြစ်မလား၊ သုံးပွင့်ဆိုင်သွားတဲ့ အချစ်ဇာတ်လမ်းလေးကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download | |
| 720p | 900 Mb | Download |