
Ramon (2023) ~ IMDb rating - 7/10 ~ ရိုမေးနီးယားထုတ် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ခေါင်းစဉ်အတိုင်း ရာမွန်ဆိုတဲ့ သူကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ ရာမွန်ဆိုတာကတော့ ရိုးသားကြိုးစားလှတဲ့ တောသားလေးပေါ့။ သူဟာ ငယ်ငယ်ကတည်းက အရမ်းကိုစိတ်ကောင်းရှိပြီး သူများတွေကို ကူညီတတ်တဲ့သူမျိုးပါ။ ဒါပေမဲ့ "စေတနာကနေ ဝေဒနာ" ဆိုသလို သူကတော့ ကူညီပေးလိုက်ပေမဲ့ သူများတွေအတွက်တော့ ဒုက္ခပေးသလို ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တော့ သူဟာသူ့ ဖူးစာရှင်ကိုပိုးပန်းဖို့အတွက် ဘူခါရက်စ်ကို ရှာပုံတော် ထွက်သွားပါတော့တယ်။ ဘူခါရက်စ်မှာ ရာမွန်တစ်ယောက် ဘယ်လိုဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရဦးမလဲ၊ ဘယ်သူတွေကို ကူညီသွားဦးမှာလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDB မှာ 7/10 အထိရရှိထားပြီးတော့ ဇာတ်လမ်းကလည်း အရမ်းကြီး Serious မဖြစ်သလို အရမ်းလည်းပေါတောနေတာ မဟုတ်တဲ့အတွက် စိတ်အပန်းဖြေချင်သူများအတွက် အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 36Min Genre - Action, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download |
ထုတ်လွှင့်သည့်နေ့
February 3, 2023
ကြာချိန်
1h 36m
အဆင့်သတ်မှတ်ချက်
7.1 / 10
Director
Jesús del Cerro