
BluRay 1080p 5.1 Ch နဲ့ပြန်လည်တင်ဆက်ထားပါပြီ။ IMDb Rating (8.4/10) နဲ့ Rotten Tomatoes (95% ) ရရှိထားပါတယ်။ (Raiders of the Lost Ark ဆိုတဲ့ဒီဇာတ်လမ်းထဲမှာ နာဇီတွေ အသဲအသန်လိုက်ရှာနေတဲ့ ဒီသေတ္တာလေးဟာ သူတို့ရန်သူတော် ဂျူူ းတွေရဲ့ ဘာသာရေးပစ္စည်းပါ။ Torah နဲ့ Bible ကျမ်းစာတွေအရ ဒီသေတ္ကာလေးကို ပညတ်တော် (၁၀)ပါးကို ရေးထားတဲ့ ကျောက်တုံးနှစ်တုံး ထည့်ဖို့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်က ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဂျူူ းတွေ အီဂျစ်ကနေ မြေထဲပင်လယ်ကိုဖြတ်၊ ဘုရားသခင်(ဂျူ း အခေါ်ဂျေဟိုးဗ)ကတိပြုထားတဲ့ လွတ်မြောက်နယ်မြေ ခုဆီးရီးယားကျွန်းဆွယ်ကို သွားတဲ့လမ်းတစ်လျှောက်မှာ ဒီသေတ္တာက အခက်အခဲဟူသမျှကို ဖြေရှင်းပေးခဲ့တယ်လို့ မှတ်တမ်းရှိခဲ့ပါတယ်။ ခရစ်ယာန်တွေရော၊ ဂျုးတွေပါ ယုံကြည်ကိုးကွယ်ကြတဲ့ ဒီပစ္စည်းဟာ ဘီစီ ၅၉၇၊ ၅၈၆နှစ် ဘေဘီလိုနီးယန်းတွေ ဂျေရူဆလင်ကို ဝင်စီးချိန်မှာ ဘုရားကျောင်းမှပျောက်သွားခဲ့ပါတယ်။ ခိုးခံရတာလား၊ ဖွက်လိုက်ကြတာလား၊ ဖျက်ဆီးခံလိုက်ရလားဆိုတာ ခုထိမသိကြရသေးပါဘူး။ ပါးစပ်ရာဇဝင်တွေအရ သေတ္တာဟာ ပထမဆုံးဘုရားကျောင်းထဲက ဝင်္ကပါလှိုဏ်လမ်း တနေရာရာမှာ လှုံခြုံစွာရှိဆဲပဲလို့ဆိုပါတယ်။ ဒါပေမယ့် ခုခေတ်မှာ ထိုလှိုဏ်တွေထဲ ဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ အကြောင်းက ခုအဲဒီနေရာဟာ မူဆလင်တွေရဲ့ နာမည်ကြီး Dome of Rock ဗလီ ဖြစ်နေလို့ပါပဲ။ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်မှာတော့ Ark ကို အီသီယိုးပီးယား မင်းညီမင်းသားတစ်ပါးက လွတ်ရာကို ပင့်ဆောင်သွားခဲ့ပြီး မြို့ငယ်တစ်ခုက ဘုရားကျောင်းထဲမှာ ဖွက်ထားခဲ့ပါသတဲ့။ ခုထက်ထိ အဲဒီ ဘုရားကျောင်းမှာ Ark ကို ဂျူးဘုန်းတော်ကြီးတွေက စောင့်ရှောက်နေကြပါတယ်။ ပညာရှင်အဖွဲ့တွေက လေ့လာခွင့်တောင်းတော့ စောင့်တဲ့လူကလွဲရင် ဘယ်သက်ရှိကမှ Ark ကို ကြည့်ခွင့်၊ ဖွင့်ခွင့်မရှိပါဘူးတဲ့ခင်ဗျား။ ဒီဇာတ်လမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို phothagyan ဘလော့မှကူးယူဖော်ပြပါသည်။) File size…(2 GB) and (1.3 GB) Quality…BluRay 1080p 5.1 DTS Format…mkv Duration….01:55:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 720p | 1.3 GB | Download |