
Pyaar Ishq aur Possession (2024) ဒီဇာတ်ကားလေးကတော့ 2024ခုနှစ်က ထွက်ရှိထားပြီးIMDb rating 5အထိ ရရှိထားတဲ့ Bollywood Drama ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ပန်းချီဆရာလေးလခ်ရှ်နဲ့ ပလက်တို့ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ကြတာ ဖြစ်ပေမဲ့ ပလက်ရဲ့ ချမ်းသာလိုမှုဇိမ်ခံဘဝကိုတပ်မက်မှု စတာတွေက သူတို့နှစ်ဦးရဲ့ကြားမှာ တံတိုင်းသဖွယ် ကာဆီးလာပါတယ်။ လခ်ရှ်က ပလက်ကို ချစ်ခွင့်ပန်တုန်းက ပေးအပ်ခဲ့တဲ့ “အချစ်”ဆိုပြီး အမည်မှည့်ထားတဲ့ ပန်းချီကားဟာ ပြပွဲတစ်ခုမှာ တန်ကြေးအများကြီးပေးပြီး ရောင်းဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ လခ်ရှ်ဟာအဆိုပါ ပန်းချီကားကို ရောင်းဖို့ ငြင်း ဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ငွေကိုရေလိုသုံးမယ့် အခွင့်အရေးကြီးကို လက်လွတ်ခံလိုက်ရတာကို မကျေနပ်တဲ့ ပလက်ဟာ လခ်ရှ်ကို ရန်တွေ့တော့တာပေါ့။ လခ်ရှ်က ဒီအခွင့်အရေးကို ဘာလို့ လက်လွတ်ခံတာလဲ… သူတို့နှစ်ယောက်ရဲ့ကြားက ပဍိပက္ခတွေက ဘယ်အချေအနေကို တွန်းပို့မှာလဲ… ပလက်နဲ့ လခ်ရှ်က တစ်ဦးနဲ့တစ်ဦး တကယ်ပဲချစ်ရော ချစ်ကြရဲ့လား… ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့…