
အချစ်ဦး....အချစ်ဆုံး....ဖူးစာ ဒီသုံးမျိုးလုံးကို ချစ်သောသူ တစ်ဦးတည်းနဲ့ သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ကောင်းကင်ပေါ်က အပ်တစ်စင်းနဲ့ မြေပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ.... အလက်ဇန်းဒါးဆိုတဲ့ ကိုယ်ကတော့ အချစ်ပေါသူလို့ပဲ ဆိုရမလား၊ နဖူးမှာ ဖူးစာရေးထိုးမထားဘဲ ချစ်သောသူနဲ့ ကွဲစေသတည်းလို့များ မှတ်ကျောက်တင်ထားလေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူပေါ့.... - လူမှန်ပေမယ့် အချိန်မတန်ခဲ့သူ... - လူရော၊အချိန်ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သဘောတွေ့ပြီး မနောခွေ့နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါလောက် အလိုလိုက်ပေးရင် အမိုက်စော်ကားမယ့် လူဖြစ်နေလို့လား.... အချိန်တန်ခဲ့ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရစေလို့ ရှိကြီးခိုး ဆုတောင်းမိပါရဲ့... ခုတော့ နောက်ကျသွားခဲ့ပြီ "ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ" အောင်ချိမ့် အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.72GB | 717MB | 289MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August