
Ponniyin Selvan: Part I (2022) ==================== ကဲ အားလုံးစောင့်မျှော်နေခဲ့ရတဲ့ အိန္ဒိယသမိုင်းကားကောင်းကြီးထွက်လို့လာခဲ့ပါပြီ မင်းသား မင်းသမီးတွေ အများကြီးနဲ့ ကြည့်လို့ကောင်းမယ့် ကားလေးပါပဲ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်... တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ် သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ... သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်... သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သဘောင်္ကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်... ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်... ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ... ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။ သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ်...။ တိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…3.8GB /1.86GB Quality…4K HEVC WEB DL / 1080p WEB DL AVC /720p Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & HM & Jerrica & Shwe Pyae