
Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့ Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်သေးဘူးဆိုတော့လည်း နည်းနည်းလောက်တော့ပြောပြလိုက်ပါဦးမယ်။ ဇာတ်လမ်းလေးကဒီလိုစပါတယ်……. ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာ တာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ …. ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့ လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေက မြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီး မြို့သစ်တစ်ခုတည်ဆောက်ဖို့ကြိုးစားကြပါတော့တယ် …… အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို အသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ……. ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့ အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာ အခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။ နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေ မျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေက ဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့် အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.10 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Animation , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.10 GB | Download | |
| 1080p | 2.10 GB | Download | |
| 1080p | 2.10 GB | Download | |
| 1080p | 2.10 GB | Download | |
| 1080p | 2.10 GB | Download | |
| 720p | 972 MB | Download | |
| 720p | 972 MB | Download | |
| 720p | 972 MB | Download | |
| 720p | 972 MB | Download | |
| 720p | 972 MB | Download |