
ဒီရုပ်ရှင်ရဲ့ထူးခြားချက်က ကာတွန်းစာအုပ်ကိုဖြူမည်းရုပ်သံနဲ့ပြန်ရိုက်ထားတာပဲ ဂျပန်မန်ဂါတွေကို Anime အဖြစ်ပြန်အသက်သွင်းထားသလိုပေါ့... ပြင်သစ် Indie ရုပ်ရှင်တစ်ခုဖြစ်ပြီး ဒါရိုက်တာကိုယ်တိုင်ကလည်း ကာတွန်းဆရာပါ သူ့ကာတွန်းကိုရုပ်ရှင်အဖြစ် သူကိုယ်တိုင်ပဲ ပြန်အသက်သွင်းထားတာပါ။ ဇတ်လမ်းအကြောင်းကို ပြောရရင် ကာတွန်းဆရာ မဖြစ်ချင်ပေမယ့် ဖြစ်ချင်တိုင်းမဖြစ်တဲ့ ဘဝကြီးမှာ လည်ပတ်နေရတဲ့ အထွေအထူးစိတ်ဝင်စားစရာမရှိတဲ့ ဆိုဖီရဲ့ဘဝအကြောင်းပါ.... ဇာတ်လမ်းက ကျွန်တော်တို့ဘဝတွေနဲ့အနီးစပ်ဆုံး reality show တစ်ခုကိုကြည့်နေရသလိုပဲ စကားလုံးအသုံးတွေအနည်းငယ်ကြမ်းမယ်....သာမန်အပျင်းပြေရုံကြည့်စရာရုပ်ရှင်တစ်ခုတော့ မဟုတ်တဲ့အတွက် လူတိုင်းအတွက်လို့တော့ ကျွန်တော် မညွှန်းချင်ဘူး...ဒါပေမယ့် ကျွန်တော် ကတော့ ပြင်သစ်သီချင်းဆွဲဆွဲငင်ငင်တွေ lofi သီချင်းအကြောင်းတွေ ကာတွန်းလောကရဲ့ အကိုးအကားတွေအကြောင်းကို သိရတဲ့အတွက် သဘောကျမိတယ်။ ဘဝက ကောင်းတာတွေနဲ့ ဆိုးတာတွေကို ရောစပ်ထားတဲ့ Playlist တစ်ခုလိုပဲတဲ့၊ ဘာကအရင်လာမလဲ မသိနိုင်တာကိုက ဘဝရဲ့ဆန်းကြယ်မှုတစ်ခုပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File Size -(844 MB) / (438 MB) / (208 MB) Quality – WebRip -(1080p) / (720p) / (480p) Duration - 1hr 24min Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Thiha Yan Naing Encoder – San Win Maung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
June 2, 2021
ကြာချိန်
1h 24m
အဆင့်သတ်မှတ်ချက်
5.8 / 10
Director
Nine Antico