
ဒီကားက စာရေးဆရာ-ဒါရိုက်တာ Laura Wandel ရဲ့ ပွဲဦးထွက်ဇာတ်ကားလေး တစ်ခုဖြစ်ပြီး Best International Film – Academy award အတွက် ရွေးချယ်ခံထားရတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ ဒီကားထဲမှာ မူလတန်းကျောင်းရဲ့ နေ့စဉ်ကြုံတွေ့ရတာတွေ၊ ကလေးအချင်းချင်း အနိုင်ကျင့်တာ နှိမ်တာတွေကို ကလေးငယ်တစ်ဦးရဲ့ view ကနေ မြင်တွေ့နိုင်ရမှာပါ။ အသက် ၇နှစ်အရွယ် နိုအာ ဆိုတဲ့ကလေးမလေးနဲ့ သူမရဲ့ အစ်ကို ဖြစ်ရပ်ကို ရိုက်ကူးပြထားပါတယ်။ နိုအာက ကျောင်းမှာ အံဝင်အောင် နေဖို့ ကြိုးစားနေရင်း သူမအစ်ကို အနိုင်ကျင့်ခံနေရတာကို တွေ့လိုက်ရတယ်။ သည်းမခံနိုင်တဲ့အဆုံး အစ်ကိုနဲ့ကတိကိုဖျက်ပြီး အဖေနဲ့တိုင်လိုက်တယ်။ ပိုပြီး အနိုင်ကျင့်ခံလာရတယ်။ မောင်နှမနှစ်ဦးကြား အသက်၇နှစ်အရွယ်ကလေးတွေ ပြဿနာကို ဘယ်လိုရင်ဆိုင်ခဲ့ရတယ်၊ လူကြီးတွေရဲ့ ဂရုစိုက်မှုတွေ ဘယ်လို fail ခဲ့တယ်ဆိုတာကို ပြသပေးသွားမှာပါ။ ကလေးတွေမှာလည်း ခံစားချက်တွေ အရှက်အကြောက်တရားတွေ ရှိတာမို့ လူကြီးမိဘတွေအနေနဲ့ အထူးဂရုပြု ကိုင်တွယ်ရမှာဖြစ်ကြောင်း ပြောကြားရင်း ... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ အဆုံးထိကြည့်လိုက်ကြရအောင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ) File Size : (744MB) & (370MB) Quality : 720p WEBRip & 480p Format : mp4 Duration : 1hr & 12mins Genre : Drama Translated by Kit Encoded by Kinnov