
Planet Earth: A Celebration (2020) ဒီ Documentryလေးကတော့ BBCကတင်ဆက်တဲ့ Planet Earth IIနဲ့Blue Planet II အစီအစဥ်တွေကိုမှ အထူးအစီအစဥ်အနေနဲ့ ပြန်ပေါင်းစည်းပေးထားတာပါ။ နောက်ခံဂီတကိုလည်း သီးသန့်ထည့်သွင်းထားပြီး Covidကာလအတွင်း သဘာဝတရားကို ခံစားသိနိင်အောင် တင်ဆက်ထားတာပါ။ ကြမ်းတမ်းလွန်းတဲ့ သဘာဝတရားကြီးကိုတောင် အံ့တုနေကြတဲ့ သတ္တဝါမျိုးစုံရှိပြီး အားတက်ဖွယ်ခံစားနိုင်အောင်ပါတဲ့။ Documentryထဲမှာဆိုရင် ရေဘဝဲ၊ လင်းပိုင်၊ ခြင်္သေ့၊ ကြိုးကြာနီ၊ နှင်းကျားသစ်၊ အီဂွာနာဖွတ်နဂါး၊ Racer မြွေ၊ ပင်လယ်ပျံလွှား၊ ထရီဗယ်လီငါး၊ဟယ်ရင်းငါးသလောက်၊ အော်ကာနဲ့ Humpbackဝေလငါး စတာတွေကို အကျအနရိုက်ကူးပြထားပါတယ်။ တောရိုင်းသတ္တဝါတွေရဲ့ ရှင်သန်မှုတွေ၊ အမူအကျင့်၊ အမဲလိုက်ပုံတွေ၊ ဉာဏ်ရည်တွေကိုတွေကို အနီးကပ်ကြည့်ရှုရမှာပါ။ ထူးခြားတာက Documentryဆိုတိုင်း ပျင်းစရာမဟုတ်ပြန်ဘူးဗျ။ အီဂွာနာဖွတ်ပေါက်လေးနဲ့ မြွေတို့ကြား၊ ပင်လယ်ပျံလွှားနဲ့ ထရီဗယ်လီငါးတို့ကြားက အမဲလိုက်သူနဲ့ ရှင်ကျန်အောင်ကြိုးပမ်းသူတို့တိုက်ပွဲဟာဆိုရင် ကြမ်းပါပေ့ဆိုတဲ့ actionကားတွေတောင်မေ့သွားအောင် ကြည့်ကောင်းလွန်းပါတယ်။ မွန်းကြပ်ကာလကို ကျော်ဖြတ်နိုင်အောင်အားပေးတဲ့အနေနဲ့ တောရိုင်းသဘာဝတရားကို ရိုက်ကူးပြထားတာမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ Docu လေးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size : 2.2GB, 863MB, 461MB Quality : 1080p WEB-DL AAC 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 58mins Genre : Documentary, Family Translated by Themes Encoded by Kinnov