
Pita Hall (2025) တူရကီရုပ်ရှင်တွေကို သဘောကျသူတွေအတွက် လတ်တလောအသစ်ထွက်ရှိထားတဲ့ Pita Hall ဆိုတဲ့ ဟာသဇာတ်မြူးကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ Pita လို့ခေါ်တဲ့ ပေါင်မုန့်ပြားရောင်းတဲ့ စီးပွားရေးလေးကို လုပ်ကိုင်နေတဲ့ “Pita Hall” ဆိုင်ရှင် Chef Kalender နဲ့ သမီးဖြစ်သူ Filiz ၊ အပြောင်းအလဲတွေကိုမနှစ်သက်ဘဲ ရှေးရိုးပုံစံအတိုင်းသာ သွားနေတဲ့ Kalender တစ်ယောက် ပြောင်းလဲလာတဲ့ခေတ်ကြီးထဲမှာ ဆိုင်ဆက်လက်ရပ်တည်ဖို့အတွက် အခက်အခဲရှိလာခဲ့ပါတယ်။ အသစ်ဖွင့်လာတဲ့ Pidburger လို့ခေါ်တဲ့ဆိုင်ကလည်း Pita Hall ကို ပိုပြီးခြိမ်းခြောက်လာခဲ့ပါတယ်။ ဒါ့အပြင် ဆိုင်နေရာပိုင်ရှင်ကလည်း သုံးလအတွင်းဆိုင်ကို ဝယ်ရင်ဝယ် မဝယ်ရင်ဖယ်ဆိုပြီး ဖိအားပေးလာတဲ့အခါ.. အဲ့အချိန်မှာ Öcü လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် Kalender ဆီကို မမျှော်လင့်ဘဲ ရောက်ရှိလာပြီး အပြောင်းအလဲတွေကို ယူဆောင်လာပါတော့တယ်။ သူတို့တွေဘယ်လိုစခန်းသွားကြမှာလဲ..? ဆိုင်ကိုရောဝယ်နိုင်ပါ့မလား..? ဘာတွေဆက်ဖြစ်ကြမှာလဲ..? ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဒီရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးတွေကြည့်ရတာ ကြိုက်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဆိုရင်မမှားပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (2.2 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:45:36 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
May 2, 2025
ကြာချိန်
1h 46m
အဆင့်သတ်မှတ်ချက်
5.0 / 10
Director
Ömer Sinir