
ဆရာ ဆရာ့ကြီးတွေ ကျော်သွားပေးပါ။ ပညာသင်ဆဲ ညီကိုတွေကတော့ တန်းစီပေးပါ။ ဒီဇာတ်ကားကို အညွှန်းမရေးခင် Found Footage film ဆိုတာ ဘာလဲလို့ မိတ်ဆက်ပေးချင်ပါတယ်။ အတိုချုံ့ပြီး အကြမ်းဖျင်းဘာသာပြန်လိုက်ရရင် အပျော်တမ်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ လက်ကိုင်ကင်မရာတွေ ၊ CCTV ကင်မရာက ဗွီဒီယိုမှတ်တမ်းတွေကို ရုပ်ရှင်တစ်ခုအောင်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဘာလို့ ဒီအကြောင်းကိုမိတ်ဆက်ပေးနေရသလဲဆိုတော့ ဒီလိုရုပ်ရှင်အမျိုးအစားတွေ ခေတ်စားလာတာနဲ့အမျှ ကြည့်ရှုသူတွေရဲ့အမြင်တွေလည်း နှစ်ခြမ်းကွဲလွဲလာလို့ပါပဲ။ တချို့ကတော့ ဒီရုပ်ရှင်တွေက အချိန်ဖြုန်းတာပဲလို့ မြင်ကြတယ်။ တချို့ကတော့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းဖို့သာ အဓိကပဲမို့ သဘောကျတဲ့သူတွေလည်း အများကြီးရှိကြတယ်။ ဆိုတော့ အကြံပြုရရင် ဒီလိုမှတ်တမ်းရိုက်ချက်ရုပ်ရှင်နဲ့ မရင်းနှီးသေးတဲ့လူတွေက စစကြည့်ချင်းမှာ နဝေတိမ်တောင်ဖြစ်နေနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ David Bush ဆိုတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဟာ ဒီနေ့ခေတ်မှာ လူတွေဟာ ရည်းစားသနာရဖို့ ၊ အိပ်ဖော်အိပ်ဖက်ရဖို့အတွက် လိမ်လည်နေကြတဲ့ အတုအယောင်တွေကို ဖော်ထုတ် ရိုက်ကူးတင်ပြချင်ခဲ့သူဖြစ်ပါတယ်။ သို့သော်.. ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း စော်ငြင်းကောင်ဖြစ်နေခဲ့တာကြောင့် မြာပွေသူ သူငယ်ချင်းဖြစ်သူကို မင်းသားလုပ်ပေးဖို့ရာ အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဆီကနေပဲ သင်ခန်းစာတွေကိုလည်း အများကြီးရခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ ဂျော့ရှ်ရဲ့အဆိုအရ မိန်းကလေးတွေရဲ့ dating app က ပရိုဖိုင်မှာ 'မိသားစုသာ အရေးကြီးဆုံးပါ' လို့ ရေးထားရင် အဲဒီအဓိပ္ပာယ်က သူ့မှာ ကလေးရှိနေတာပါ တဲ့..။ ပရိုဖိုင်မှာ 'တွယ်ငြိရာသာ ဆုံးရှုံးမှာ' လို့ ရေးထားရင်ရော ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာတော့ သိချင်သားပဲ။ မှတ်တမ်းရိုက်ချက်တွေရဲ့ ထုံးစံအတိုင်း ကင်မရာတွေက သိပ်မငြိမ်လှဘဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဇာတ်ကြောင်းကတော့ သိပ်မဆိုးလှဘူးလို့ ပြောရမယ်။ Plot-twist ကိုလည်း ၂ ခါထည့်ထားပြီးတော့ အဆုံးသတ်မှာ ထဆဲမိအောင်လည်း လုပ်ထားသေးတယ်။ ဒီတော့ ကြည့်ရှုရမှာက ရသတော့ စုံပါတယ်။ ဒါကို ကြည့်နေရင်းနဲ့ ဘယ်လိုတွေးမိလဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန် သင်ခန်းစာပို့ချနေတဲ့ စားဘဲကြီးကို မြင်နေရသလို ခံစားရတယ်။ ပြီးတော့ လူတွေမှာရှိတတ်ကြတဲ့ အငုံစိတ်တွေကိုလည်း သာသာနဲ့နာနာ နှက်ထားသေးတယ်။ ချပြချင်စိတ်တွေများနေပြီး plot-twist ကိုသာ နှစ်ခါမထည့်ထားရင် အတော်လေး အဆင်ပြေမယ့်ရုပ်ရှင်ပဲလို့ ထင်မိတယ်။ ဒီလိုအမျိုးအစားနဲ့ရုပ်ရှင်မျိုးဆိုတော့ လူတွေအားလုံး ကြိုက်ပါ့မယ်လို့ အာမတော့မခံနိုင်ဘူး။ သဘောကျတဲ့သူရော သဘောမကျတဲ့သူတွေရော ရှိနိုင်မယ်ဆိုပေမဲ့လည်း သေချာတာကတော့ ဒီလို Found footage film တွေ ခေတ်စားလာဦးမှာပဲ။ ဒီတော့ မြည်းစမ်းကြည့်တဲ့သဘောနဲ့ပဲဖြစ်ဖြစ် ကြည့်ထားကြည့်ဖို့ CM မှ တင်ဆက်ပေးလိုက်ရပါတယ်။ P.S နောက်ဆုံးအခန်း မကြည့်ပါနဲ့။ File size…(1.81GB) / (`1005MB) / (645MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Man Htet Myat
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 20, 2022
ကြာချိန်
1h 32m
အဆင့်သတ်မှတ်ချက်
3.5 / 10
Director
David Bush