
ကာလအားဖြင့်တော့ ၁၉၉၀ ဝန်းကျင် AIDSအကြောင်း လူတွေ သိပ်မသိသေးတဲ့အချိန်မှာပါ။ လူတွေဟာ သူတို့ နားမလည်တာကို ကြောက်ရွံ့ တက်ကြတယ်။ AIDSကို ရောဂါဆိုးကြီးလို့ပဲ သိပြီး ဂဃနဏ မသိကြသေးတဲ့အချိန်မှာ ဒီရောဂါသည်ကို ဘယ်လို ဆက်ဆံခဲ့ကြလဲ ပြသ သွားခဲ့တဲ့ ထိုခေတ် ထိုအခါက AIDS ပညာပေး ပထမဆုံးရုပ်ရှင်ပါ။ဒီ ရုပ်ရှင်ဟာ ဟောလိဝုဒ် Mainstreamရဲ့ AlDS နဲ့ ပက်သက်တဲ့ ပထမဆုံး Big Budget ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Goffrey Bowersဆိုတဲ့ ရှေ့နေ့တစ်ယောက်ရဲ့ အဖြစ်အပျက်ကို Inspiration လုပ်ထားတာမို့ ဖြစ်ရပ်မှန်ကို ကျောရိုးယူပြီး တင်ပြထားတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်တဲ့။ ဒီ အဖြစ်အပျက်ကလေးကတော့ Philadelphia ဆိုတဲ့ မြို့ကလေးက အရည်အချင်းရှိတဲ့ Andrew Beckett ဆိုတဲ့ စီနီယာရှေ့နေ တစ်ယောက်ဟာ ပေါ်ဦးစ AIDS ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ အလုပ်အတွက်စိုးရိမ်လို့ ထုတ်မပြောခဲ့ပေမဲ့ သိပ်မကြာခင် နဖူးက အနာကြောင့် သိသွားကြတဲ့အခါ ကိုင်တွယ်ဆဲ အရေးကြီ; အမှုကိုပါ အကြောင်းတစ်ခု ပြပြီး ပြန်ရုပ်သိမ်း ခဲ့တဲ့အပြင် အလုပ်ကပါ ထုတ်ပစ်ခဲ့ပါတယ်။ သူ့ရောဂါကြောင့် အလုပ်ထုတ်တာပါလို့ ယုံကြည်ထားတဲ့ Andrew ကတော့ ရှေ့နေ အဖွဲ့ကို ရင်ဆိုင်ဖို့ စပါတော့တယ်။ ဒါပေမဲ့ သူ့ရှေ့နေ အဖွဲ့ရဲ့ ဂုဏ်သတင်းကြောင့် ဘယ် ရှေ့နေကမှ သူ့ဘက်က မလိုက်ပေးရဲပါဘူး။ ကိုးယောက်မြောက်ထိ အငြင်းခံခဲ့ရပြီး Joe Miller( Denzel Washigton) ဆီ ရောက်လာတဲ့အခါ အမှန်တရားကို ဖော်ထုတ်ဖို့ လက်ခံခဲ့ပါတယ်။ ရှေ့နေတစ်ယောက်ရဲ့ ရှေ့နေငှါးခြင်းနဲ့ စခဲ့တဲ့ ဒီပွဲဟာ တရားခွင်မှာ ဘာတွေ ဆက်ဖြစ်ဦးမလဲဆိုတာနဲ့... AIDSရောဂါသည် တစ်ယောက်ကို လူတွေက ဘယ်လိုအဆုံးအဖြတ်ပေးကြမလဲ..ဆိုတာကို Tom နဲ့ Denzel တို့ရဲ့ acting ကောင်းကောင်းတွေနဲ့ သက်ဝင်ခံစား စီးမျောကြည့်ကြပါ။ ဂွတီးဂွကျ အဖြစ်အပျက်တစ်ခုကတော့ ဒီရုပ်ရှင် ရိုက်ကူးဖို့ Tom Hanks ဟာ ၂၆ပေါင် ဝိတ်ချ ခဲ့ရပြီး Denzel Washington ကတော့ ဝိတ်တက်အောင် ချောကလက်တွေ တနင့်တပိုးစားပေးခဲ့ရပါတယ်တဲ့။ Drama အမျိုးအစားဖြစ်ပြီး PG-13 ဖြစ်တာကြောင့် ၁၃နှစ်အထက်လူတိုင်း ကြည့်လို့ရတဲ့ ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်... File Size :(3.01GB)(1.02GB) & (343MB) Quality : Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…02း05:00 Genre : Drama, Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
December 22, 1993
ကြာချိန်
2h 6m
အဆင့်သတ်မှတ်ချက်
7.7 / 10
Director
Jonathan Demme