
ဒီကားလေးကတော့ rating မြင့် Drama ကားကြည့်ချင်သူများအတွက် ဇာတ်ကားကောင်းလေးပါ။ IMDb rating 7.5 အထိရရှိထားပြီး Daniel Day-Lewis ၊ Lesley Manville နဲ့ Vicky Krieps တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ စစ်ကြီးပြီး ၁၉၅၀ခုနှစ်နှောင်းပိုင်း လန်ဒန်မြို့တွင် ဇာတ်အိမ်တည်ထားပါတယ်။ Reynolds နဲ့ သူ့ရဲ့အစ်မဖြစ်သူ Cyril တို့ဟာ ဗြိတိသျှဖက်ရှင်လောကတွင် အထင်ကရမျက်နှာကြီးသူတွေဖြစ်ပြီး တော်ဝင်မျိုးနွယ်များ၊ ရုပ်ရှင်အကျော်အမော်များ၊ နာမည်ကျော်ကြားသူများအတွက် ဝတ်စုံချုပ်လုပ်ဖန်တီးသူတွေပဲဖြစ်ပါတယ်။ တစ်ကိုယ်တည်းနေ ၂ယောက်အတူနေနိုင်ကြတဲ့ အဲဒီမောင်နှမနှစ်ယောက်ဟာ သူတို့ရဲ့ဖက်ရှင်အလုပ်မှာပဲ စိတ်နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။ Reynold ဘဝမှာ သူ့ရဲ့ဝတ်စုံတွေဝတ်ဖို့ မော်ဒယ်တွေနဲ့အများကြီးပတ်သက်ဖူးထားသူဖြစ်ပေမယ့် အိမ်ထောင်ပြုခြင်းလည်းမရှိပါဘူး။ သူ့ဘဝကိုသူ စိတ်ကြိုက်မွမ်းမံဖြတ်သန်းနေသူပါ။ ဒါပေမယ့် ကံကြမ္မာတစ်ကွေ့မှာတော့ Alma ဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက်ပိုင်း သူ့ရဲ့ဘဝမှာ တဖြေးဖြေးပြောင်းလဲလာပါတော့တယ် သူကိုယ်တိုင်တည်ဆောက်ထားတဲ့ဘဝဟာ အချစ်ကြောင့် ပြောင်းလဲမှုတွေဖြစ်ပေါ်လာပြီး အရာရာဟာတစ်မူထူးခြားလာတဲ့နောက်…… သူဘယ်လိုလုပ်မလဲ၊ Alma ကရောဘယ်လိုအမျိုးသမီးလေးမျိုးလဲ၊ သူတို့ကြားကဘယ်လိုတွေ ဆက်နွယ်မှုတွေရှိလာမလဲဆိုတာကိုတော့ ဒါရိုက်တာ Paul Thomas Anderson ကစိတ်ကူးကွန့်မြူးကာ ရိုက်ကူးထားတာကို ကြည့်ရှုရမှာပါ။ Rating မြင့်တဲ့ ဇာတ်ကားလေးဖြစ်သလို တွေးစရာလေးလည်း တစ်မျိုးတစ်ဖုံခံစားစရာလေးတွေ လည်းရမှာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းဘာသာပြန်သူကတော့ မေသရဖီလွင်ပါ) File Size : (0.99 GB) Quality : Blu-Ray 720p Running Time : 2hr 10min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by May Tharaphi Lwin Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |