
~ Rotten Tomatoes - 90% ~ ပါဘလိုရဲ့အိပ်မက်က ရုပ်ရှင်တစ်ခုမှာ ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ခွင့်ရပြီး နာမည်ရလာဖို့။ ခုခေတ်လူငယ်အများစုလိုပဲ သူလည်း စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ အဘက်ဘက်ကရုန်းကန်နေရတဲ့သူတစ်ယောက်ပါပဲ။ သူ ချစ်ရသူနဲ့လမ်းခွဲလိုက်ပြီး Move on ဖို့ကြိုးစားနေရတယ်။ တစ်ဖက်မှာလည်း လမကုန်ခင်ပိုက်ဆံပြတ်မသွားဖို့ ဆေးရုံမှာသရုပ်ပြလူနာဝင်လုပ်ပေးလိုက် စိတ်ကျန်းမာရေးစင်တာက Therapy Session တွေအတွက် သရုပ်ပြဝင်လုပ်ပေးလိုက်နဲ့ သူသွားချင်တဲ့ Career လမ်းကြောင်းကနေ တဖြည်းဖြည်းဝေးသွားသလိုဖြစ်နေတယ်။ အခန်းဖော်ကလည်း ပါဘလိုကိုပေးစရာရှိတဲ့ပိုက်ဆံတွေမပေးဘဲ တိုက်ခန်းကပြောင်းသွားတယ်။ ပါဘလိုမှာကျန်ခဲ့တာက သူ့အခန်းဖော်ရဲ့ခွေးရယ်၊ Cardigan တစ်ထည်ရယ်၊ သရဲတစ်ကောင်ရယ်။ သေသွားတဲ့ Cardigan ပိုင်ရှင်က သူ့အဝတ်ကိုစိတ်စွဲပြီး မကျွတ်မလွတ်ဖြစ်နေတာပါ။ အဲဒီလိုဆိုလို့ ဒါကသရဲကားရယ်လည်းမဟုတ်ပါဘူး။ သရဲကားဘက်လည်းသိပ်မရောက် Psycho ဘက်လည်းသိပ်မရောက်ဘူးပြောရမယ်။ အင်္ကျီက ချိတ်ကနေခဏခဏပြုတ်ကျတယ်။ ပစ္စည်းတွေကျကွဲတယ်။ ပါဘလို အိမ်မှာမရှိတဲ့အချိန်အောက်ထပ်ကနေ ခြေသံတွေကြားရတာမျိုးတွေပေါ့။ ဝိညာဥ်က ပါဘလိုကို သူ့ဘဝ Direction ပြန်တွေ့အောင် လိုက်ကူညီတဲ့သဘောမျိုးလည်းတွေ့ရတယ်။ ပါဘလိုရဲ့ဘဝမှာ အပြောင်းအလဲတွေစဖြစ်လာတာ ဥပမာ - Audition ဝင်ဖြေပြီးအောင်သွားတာ၊ ရည်းစားသစ်ရတာ စသဖြင့်ပေါ့။ ဒါပေမဲ့ ဝိညာဥ်နဲ့ ပါဘလိုရဲ့ချိတ်ဆက်မှုကို ပေါ်လွင်အောင်ရိုက်မပြထားနိုင်သလိုခံစားရတယ်။ ဥပမာ - ညစ်ညမ်းတဲ့အိပ်မက်တစ်ခု မက်ပြီးတဲ့နောက်မှာပေါ်လာတဲ့ ပါဘလိုရဲ့ကျောက အမာရွတ်တွေအရ ဝိညာဥ်က ခြောက်တာလား စောင့်ရှောက်တာလားဆိုတာ နည်းနည်းတွေးရခက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Comedy, Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 720p | 750 MB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 750 MB | Download |
ထုတ်လွှင့်သည့်နေ့
January 26, 2022
ကြာချိန်
1h 37m
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Roberto Doveris