
အချစ်ဆိုတဲ့အရာနဲ့ ပတ်သက်လာရင် စွဲလမ်းမှုဆိုတဲ့ ခံစားချက်က အမြဲကပ်ပါလာစမြဲပါ။ ရယူခြင်း သို့ ပေးဆပ်ခြင်းဆိုပြီး အချစ်ရဲ့အဓိပ္ပါယ်ကို အမျိုးမျိုးဖွင့်ဆိုခဲ့ပေမယ့် ဘယ်သူမှ သေသေချာချာ မရှင်းပြနိုင်ခဲ့သလို အချစ်စိတ်နဲ့ တွဲပါလာတတ်တဲ့ မျှော်လင့်ခြင်း ပြဿနာကလည်း အခုထိ ဖြေရှင်းမရတဲ့ ပုစ္ဆာတစ်ခုဖြစ်နေဆဲပါ။ ဒီဇာတ်ကားက ချစ်ခြင်းတရားကလူတစ်ယောက်ကို ဘယ်လိုမျိုး ဒုက္ခပေးနိုင်လဲဆိုတာကို ဖော်ညွှန်းပြထားတဲ့ ပြင်သစ် Romance, Drama ဇာတ်ကားပါ။ ထိပ်သီးရုပ်ရှင်ဒါရိုက်တာဖြစ်တဲ့ ပီတာဗွန်ကန့်ဟာ မိတ်ဆွေဖြစ်သူ နာမည်ကြီး မင်းသမီး ဆီဒိုနီရဲ့မိတ်ဆက်ပေးမှုနဲ့ အမီရ်ဘန်ဆလမ်ဆိုတဲ့ သက်လတ်လူငယ်လေးတစ်ယောက်နဲ့ သိကျွမ်းပြီး ချစ်စိတ်ဝင်ခဲ့ပါတယ်။ ထိုစိတ်နဲ့ပဲ ကောင်လေးကို မင်းသားအဖြစ် စင်တင်ပေးကာ မျိုးစုံထောက်ပံ့ပေးခဲ့ပေမယ့် အောင်မြင်လာတဲ့အချိန်မှာ ကောင်လေးဘက်က ကျေးစွပ်သလိုလုပ်လာသလို ပီတာဘက်က အချစ်စိတ်နဲ့ ပေးဆပ်ထားသလောက် သူပေးတိုင်းပြန်မရတဲ့အခါ ကတောက်ကဆတွေ စဖြစ်ရာကနေ မျှော်လင့်ချက်တစ်ခုကြောင့် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်လာပါတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 780MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 25Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by M Encoded by Y