
Perfect World (2018) ********************* ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမယ့် Japanese Movie လေးကတော့ အချစ်ဦးကို စိတ်ကူးယဉ်လွမ်းဆွတ်မိစေမယ့် Perfect World ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တိုကျိုမြို့က အတွင်းပိုင်းဒီဇိုင်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ခါဝါနာဟာ အထက်တန်း ကျောင်းက အချစ်ဦးနဲ့ အမှတ်မထင် ပြန်ဆုံမိပါတယ်။ ပြန်တွေ့ရလို့ ဝမ်းသာပေမဲ့ အချစ်ဦးဟာ မတော်တဆမှုတစ်ခုကြောင့် မသန်စွမ်းတစ်ဦးအဖြစ် ဝီးချဲလ်ကို အကူအညီယူ သွားလာလှုပ်ရှားနေရတာကို တွေ့ပြန်တော့ အချစ်ဦးရဲ့ အားအင်တစ်ခု ဖြစ်ပေးမယ်ဆိုတဲ့စိတ်နဲ့ ဘေးနားကနေ အစစအရာရာ ကူညီပေးဖို့ ကြိုးစားပါတော့တယ်။ အချစ်ဦးဖြစ်သူ စီနီိယာအာယူကာဝါကို ဘေးနားကကူညီပေးရင်း ချစ်ခြင်းမေတ္တာတွေက တစ်ဖန်အသက်ဝင်လာပါတော့တယ်။ လောကဓံကို ခံစားနေရတဲ့ အာယူကာဝါကတော့ နှလုံးသားကို နံရံတစ်ခုခြားထားပြီး ဘယ်သူ့ကိုမှ သူ့ဘဝထဲကို ဝင်ခွင့်မပေးတော့ပါဘူး။ ခါဝါနာရဲ့ မေတ္တာဟာ စစ်မှန်တာကြောင့် ဘယ်လောက်ပဲ တွန်းထုတ်ပါစေ လက်မလျှော့ခဲ့ပေမဲ့လည်း မိဘတွေ ကြားဝင်လာတဲ့အခါ… မသန်စွမ်းတစ်ယောက်အတွက် ဘယ်လောက်ပဲ ကူညီပေးသူတွေ ရှိနေပါစေ ကန့်သတ်မှုတွေရှိတဲ့အခါ… သူတို့နှစ်ယောက်ရဲ့ အချစ်ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေကို ကြုံတွေ့ကြရမလဲဆိုတာ မျက်ရည်တလည်လည် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အညွှန်းရေးသူကတော့ Reddy ဖြစ်ပါတယ်.. File size…1.87GB / 1GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 43m Genre ….. Romance, Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.87GB | Download | |
| 1080p | 1.87GB | Download | |
| 1080p | 1.87GB | Download | |
| 1080p | 1.87GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download |
ထုတ်လွှင့်သည့်နေ့
October 5, 2018
ကြာချိန်
1h 42m
အဆင့်သတ်မှတ်ချက်
7.9 / 10
Director
Kenji Shibayama