
Paul Walker ကြီး အလွမ်းပြေ ကြည့်လို့ရမယ့် ကားကောင်းတစ်ကား လာပြီဗျာ။ ဒီလိုပြောလို့ Paul Walker ချည်း ပါတယ်မထင်ပါနဲ့ Lord of the Ring က Frodo မင်းသား Elijah Wood တို့ Mummy မင်းသားကြီး (နောက်ပိုင်းဆို The Whale နဲ့ ကြမ်းထားတဲ့) Brendan Fraser တို့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ R Rated နဲ့ အညီ ကိုယ်လုံးတီးတွေပါမယ် မိုးမွှန်အောင် ဆဲဆိုနေတာလည်း ပါဝင်တဲ့အတွက် သတိချပ်စေလိုပါတယ်ဗျ။ ကဲ ဇာတ်လမ်းအကြောင်းပြောမယ်… ပြောမယ်သာပြောတာ တကယ်ကြည့်ဖူးသမျှထဲ ပေါက်ကရတွေဖြစ်ပြီး ထူးခြားဆန်းကျယ် မှန်းမရတဲ့ဇာတ်လမ်းထဲ သူပါတယ်။ အကုန်လုံးကို စနစ်တကျ ဇာတ်တိုက်ထားတာမျိုး မရှိပဲ ရော့ သွား ကြိုက်တာလုပ်ဆိုပြီး အကုန်လုံးက ဖြစ်ချင်တိုင်းကို ဖြစ်နေကြတာမျိုး။ အဓိကက ဇာတ်လမ်းနာမည်လိုပဲ အပေါင်ဆိုင်မှတ်တမ်းများ ဟုတ်တယ် ဒီ အပေါင်ဆိုင်လေးကို အရင်းတည်ပြီး မတူညီတဲ့ ဇာတ်လမ်းတိုလေး ၃ ပုဒ် ဖြစ်ပျက်သွားတာပေါ့လေ။ အားလုံးကလည်း သူ့ဇာတ်လမ်းနဲ့သူ ရှိနေပေမယ့် တစ်ခုနဲ့တစ်ခု တူတူသွားပြီး ကြုံကြိုက်တာမျိုးလည်း ပါနေတာပေါ့ သေချာတာတော့ ကြည့်နေရင်း WTF ဆိုပြီး ဖြစ်မှာကတော့ သေချာပါတယ်။ ကဲ ပထမဇာတ်လမ်းကတော့ လူဖြူ လူမျိုးခွဲခြားရေး ဆေးသမားတသိုက်က သောက်တလွဲတွေ ဖြစ်ပြီး ဓားပြသွားတိုက်မှာကို ကြည့်ရမှာပါ ဘယ်လောက်လွဲဆို ဓားပြသွားတိုက်မယ့် သေနတ်ကို ဆီဖိုးမရှိလို့ အပေါင်ခံလိုက်ရတဲ့အဖြစ်မျိုး။ အဲဒီမှာ ကျွန်တော်တို့ Paul Walker ကြီးဗျာ တကယ်ထင်မထားလောက်အောင် သရုပ်ဆောင်ပီပြင်ချက် ဆေးချပြီး ၃ ရက်လောက် အိပ်မထားလို့ ဂေါက်ပြီး လစ်နေတာ လွဲကြတာဆိုတာ မြင်မကောင်းဘူး ဇာတ်လမ်း ၃ ပုဒ်ထဲ အကြိုက်ဆုံးလို့ ပြောရမယ်။ ဒုတိယဇာတ်လမ်းကတော့ လောလောလတ်လတ် လက်ထပ်ထားတဲ့ဘဲကြီး ဘဏ်အကောင့်ဟတ်ခ်ခံရလို့ ဟန်နီမွန်းထွက်ရင်း ငွေပြတ်သွားတော့ မယားအသစ်လေးရဲ့လက်စွပ်သွားပေါင်တာ လွန်ခဲ့တဲ့ ၆ နှစ်က ပျောက်သွားတဲ့ပထမဆုံး မယားရဲ့လက်စွပ်တွေ့ပြီး ကမ္ဘာမြေအဆုံး လိုက်ရှာတာကို ကြည့်ရမှာပါ။ အတော် Fuk up ဖြစ်တဲ့ဇာတ်ပဲ အဆုံးသတ် လှည့်ကွက်ကလည်း မထင်ထားဘူး အလေကြီး။ နောက်ဆုံးဇာတ်လမ်းကတော့ Mummy မင်းသားကြီးအကြောင်း။ သူက အယ်ဗစ်ပရက်စလေကို အင်မတန်သဘောကျပြီး သူ့လိုဝတ် သူ့လိုနေပြီး ဖျော်ဖြေပွဲလိုက်လုပ်ပေးနေတဲ့လူ ဒါပေမဲ့ ငတ်ပြတ်နေပြီး ဆီဖိုးကို မရှိတော့ပါဘူး ဒီလိုနဲ့ ဆွဲကြိုးကြီး အပေါင်ခံပြီး ဖျော်ဖြေပွဲသွားတဲ့အချိန် ဖျော်ဖြေတဲ့အချိန် ထူးဆန်းတာတွေ ကြုံတာကို ကြည့်ရမှာပါ။ ကြားထဲမှာလည်း Side story အသေးစားလေးက ပါသေး။ ပွင့်ပွင့်လင်းလင်းပြောရရင် IMDB 5.9 တောင် နည်းတယ်လို့ ထင်ပါတယ်။ တကယ်မကြည့်ရသေးရင် ကြည့်သင့်တဲ့ကားပါ တချို့ ဒိုင်ယာလော့ခ်တွေဆို အသေရယ်နေရတယ် ဇာတ်ကွက်ဆန်းတယ် မထင်ထားတာမျိုးမှ လုပ်ပြတာမျိုး ပြောတာကြာသွားပါပြီ ပြေးသာ ကြည့်လိုက်ကြပါတော့။