
Pareshan 2023 IMDb rating - 6.7/10 ခုတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ တေလဂူးရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေ အများကြီးနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်ပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ လူ့ဘောင်လူ့လောကမှာ ဖြစ်တတ်တဲ့ကိစ္စအဝဝကို ဟာသနှောပြီးကြည့်ရှုရမှာပါ။ မိန်းမရှိလျှက်နဲ့ အငယ်လေးတစ်ယောက်ကိုကြူးရင်း လူမိလို့ရဲစခန်းရောက်သွားတဲ့သူနဲ့၊ ဦးလေးဆီပြန်ပေးရမဲ့ငွေကို ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကိုကူရင်း ငွေတွေပလုံသွားတဲ့သူနဲ့၊ ရည်းစားချိန်းတွေ့ရာမှ ဂွင်ဆင်ခံရပြီး တကယ်လက်ထပ်လိုက်ရတဲ့သူနဲ့၊ သားဖြစ်သူကိုထောင်ထဲကနေထုတ်ဖို့ အာမခံငွေမရှိသူနဲ့... စစသဖြင့် ဇာတ်ကားမှာ ပျင်းစရာတစ်ကွက်မှမပါဘဲကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီတော့ ဇာတ်ကားနာမည် Pareshan (ဒုက္ခ)ဆိုတဲ့အတိုင်း လောကဓံဒုက္ခတွေကို သူတို့ဘယ်လို အမျိုးစုံကြိုးခုန်ကြမယ်ဆိုတာ အပန်းဖြေရင်းကြည့်ရှုလိုက်ရအောင်ဗျာ.... (အညွှန်းနဲ့ဘာသာပြန်ကတော့ Moon ~V~Cherry~BpL~Yunni~Aditi တို့ပဲဖြစ်ပါတယ်။) File size…2.05GB / 1GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~V~Cherry~BpL~Yunni~Aditi