
"တန်းတူ ရှင်သန်ခွင့်မရှိဘူးဆိုရင် အနည်းဆုံးတော့ တန်းတူ သေရမယ်" တဲ့။ ဟုတ်ပါတယ်။ အသေခံဗုံးဖောက်ခွဲဖို့ ကြံရွယ်နေသူတစ်ဦးရဲ့ စကားပါ။ ဘာလို့ ဒါကိုပြောလဲဆိုတော့ Paradise Now ဟာ အသေခံဖောက်ခွဲရေးသမား ၂ယောက်ရဲ့ အမြင်ကတစ်ဆင့် ကြည့်ရှုရမယ့် ရုပ်ရှင်မို့လို့ပဲဖြစ်ပါတယ်။ အစ္စရေး-ပါလက်စတိုင်းအရေးကိုတော့ တော်တော်များများသိကြမှာပါ။ ၂၀ရာစုလယ်လောက်ကတည်းက စခဲ့ပြီး ဒီနေ့ထိတိုင် အဖြေမတွေ့ မပြီးနိုင်သေးတဲ့ ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံကြီးတွေ ကြားဝင်ညှိနှိုင်းပေးတာတောင် မအောင်မြင်သေးတဲ့ အရေးကိစ္စပါ။ ပါလက်စတိုင်းတွေဟာလည်း အနောက်ဘက်ကမ်းဒေသမှာ ကပ်နေရုံထက်ပိုပြီး နိုင်ငံအဖြစ်အသိအမှတ်ပြုခံရတာမျိုး မရှိသေးပါဘူး။ ဒီကားထဲမှာတော့ ပါလက်စတိုင်းတွေက အစ္စရေးတွေကို ‘အခြေချနေထိုင်သူတွေ’လို့ သုံးနှုန်းလေ့ရှိပါတယ်။ Paradise Now ဟာ တဲလ်အာဗစ်လို့ခေါ်တဲ့ အစ္စရေးရဲ့ လူထူထပ်တဲ့မြို့တစ်မြို့မှာ အသေခံဗုံးခွဲဖို့ အစည်းရုံးခံခဲ့ရတဲ့ ငယ်သူငယ်ချင်း၂ယောက်ရဲ့ ၂ရက်တာအကြောင်းပါ။ တစ်သက်လုံး အဖိနှိပ်ခံအဖြစ်နေခဲ့ရပြီး သူတို့ရဲ့မြေမှာ သူတို့ကိုယ်တိုင်ဟာ အကျဉ်းခံတွေလို ခံစားနေရတဲ့အပေါ် သူတို့ရဲ့ တုံ့ပြန်ချက်ကတော့ အညွှန်းထဲတောင် ဝှက်ထားဖို့မလိုပါဘူး။ ဒီကားထဲမှာ အဓိကကြည့်ရမှာက ဇာတ်လမ်းကိုထက် သူတို့ရဲ့ အမြင်၊ သူတို့ရဲ့ ခံယူချက်၊ သူတို့ရဲ့ ခံစားမှုတွေနဲ့ သူတို့ရဲ့ နောက်ဆုံးနေ့မှာ အတူရှိပေးကြတဲ့ သူတွေကိုပါ။ တကယ်တော့ အသေခံဖောက်ခွဲရေးသမားဆိုတာ လူသတ်သမားတွေပါပဲ။ ဒီလို အထိမခံတဲ့ကိစ္စကို ဒါရိုက်တာက သိမ်သိမ်မွေ့မွေ့ပဲ ပြသွားပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခကို တခြားရှုထောင့်တစ်ခုကနေ မြင်ရတဲ့သဘောလည်း သက်ရောက်ပါတယ်။ အော်စကာဆုအတွက် ပထမဆုံးတင်သွင်းခံရတဲ့ ပါလက်စတိုင်း ရုပ်ရှင်လည်း ဖြစ်သလို ရွှေကမ္ဘာလုံးဆုလည်း ရခဲ့ပါသေးတယ်။ ဒါ့အပြင်ကို ကမ္ဘာ့အကြီးဆုံးရုပ်ရှင်ပွဲတော်ကြီး ၃ခုထဲက တစ်ခုဖြစ်တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်ရဲ့ ဆု၃ဆုကိုလည်း ရရှိထားပါတယ်။ ဒီလောက်ဆို တခြားဆုတွေအကြောင်း ထုတ်မပြောတောင် လုံလောက်လှပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 31Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 790 MB | Download | |
| 720p | 790 MB | Download |