
Pal Pal Dil Ke Paas (2019) “အချစ်ခရီးလမ်း ကြမ်းချင်ကြမ်းပါစေ…” ဒီတစ်ခါတော့ ရိုချင်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အကြည်ဓာတ်လေးပေးမဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ခရီးသွားလုပ်ငန်းပိုင်ရှင်လူငယ်လေးနဲ့ ဘလော့ဂါကောင်မလေးရဲ့ အချစ်ဇာတ်လမ်းလေးမို ခရီးသွားဇာတ်၀င်ခန်းနဲ့ ရေခဲတောင်ရှုခင်းအလှအပတွေကလည်း healing ဓာတ်လေးတစ်မျိုးလည်း ရစေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ရေခဲတောင်ပေါ်မှာ ကြီးပြင်းလာပြီး တောင်တန်းတွေကိုချစ်တဲ့ ကာရန်ဟာ အူဂျီဒဟာစခန်းချခရီးစဉ်တွေကို စီစဉ်ပေးတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် လူငယ်လေးပေါ့။ တစ်နေ့တော့ သူတိုရဲ့ခရီးသွားစခန်းကို ဆာဟေးဆိုတဲ့ မြိုကြီးသူ ဘလော့ဂါချောချောလေး ရောက်လာပါတယ်။ တကယ်တော့ ဆာဟေးတစ်ယောက် တကယ်ခရီးထွက်ချင်တာထက် ခေါင်းခြောက်စရာ ဆွေမျိုးတွေနဲ့ဝေးရင်ပြီးရောဆိုပြီး ထွက်လာခဲ့တာပါ။ အစပိုင်းမှာတော့ ဆာဟေးက အူဂျီဒဟာစခန်းချခရီးလုပ်ငန်းကို ဂျင်းလိုထင်နေခဲ့ပါတယ်။ ထုံးစံအတိုင်း ခရီးစဉ်ကို အယုံအကြည်မရှိတဲ့ မြိုကြီးသူဆာဟေးနဲ့ ခရီးကိုဦးဆောင်မဲ့ ကာရန်တိုရဲ့ တွေ့ဆုံမှုဟာ ဘုဘောက်ကျရင်း အစပြုခဲ့ကြတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား ခရီးအတူထွက်ရင်း ရင်းနှီးမှုတွေ ရလာတဲ့အခါ…. ကာရန်နဲ့ဆာဟေးတိုရဲ့ တောင်တက်ခရီးစဉ်မှာရော ဘ၀ခရီးလမ်းမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဘာတွေကြုံရမလဲဆိုတာကို ကြည်နူးစရာတွေနဲ့အတူ ဒရာမာလေးပါနှောပြီး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download |
ထုတ်လွှင့်သည့်နေ့
September 20, 2019
ကြာချိန်
2h 24m
အဆင့်သတ်မှတ်ချက်
4.5 / 10
Director
Sunny Deol