
ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။ ၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို "Ayyankali Pada"တွေလို သူတိုကိုယ်သူတို ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။ ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ "ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ"တဲ့။ ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊ သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။ ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့ အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် အိဒ္ဒိယနိုင်ငံရဲ့ သတင်းစာတိုက်ဖြစ်တဲ့ The Times of Indiaရဲ့ Anna Mathews ဟာ ဒီရုပ်ရှင်ကို Rating ၄/၅ အထိ ပေးထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့်ပြီးရင် နောင်တမရနိုင်မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ File size…2GB / 1GB Quality…1080p AMZ WEB DL Malay AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & Honeyey & Yate
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 720p | 1GB | Download | |
| 1080p | 2GB | Download | |
| 720p | 1GB | Download |