
ဒီနေ့မှာတော့ လူ့သဘာဝကို ထိထိမိမိနဲ့သရုပ်ဖော်နိုင်လွန်းလို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်ထားတဲ့ Albert Serraရဲ့ နာမည်ကျော်လက်ရာတစ်ခုဖြစ်တဲ့ Pacifiction 2022ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာပါ။ Albert Serraရဲ့လက်ရာပီပီ ဒီကားလေးကရော ဒီတစ်ခါမှာ ဘယ်လိုတွေးစရာတွေပေးသွားမလဲဆိုတာ အားလုံးတူတူကြည့်လိုက်ရအောင်ပါ။ ပြင်သစ် ပေါ်လီနီးစီးယားရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကအုပ်ချုပ်ရေးမှူး အစိုးရအရာရှိလေး ဒီရိုလာတစ်ယောက်ဟာ လူတော်တွေကို မြေတောင်မြှောက်ပေးပြီး လိုအပ်နေသူတိုင်းကို ကူညီတတ်တဲ့လူတစ်ယောက်ပါ။ ဆိတ်ငြိမ်လှတဲ့ ကျွန်းမြို့လေးတစ်မြို့အတွက် ကြီးကျယ်တဲ့ပြဿနာရယ်လို့ ရှိလာမှာမဟုတ်ဘူးလို့ပဲ အားလုံးကထင်မှတ်ထားကြတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကျွန်းမှာ nuclearစမ်းသပ်မှုလုပ်မယ်ဆိုပြီး ခပ်သဲ့သဲ့ထွက်လာတဲ့သတင်းနဲ့အတူ မြို့နားမှာ ရုတ်တရက်ပေါ်လာတဲ့ ရေတပ်သားတွေ၊ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီရိုလာတစ်ယောက် ခေါင်းခဲရဖို့ဖြစ်လာတဲ့အခါ... တစ်ဖက်က အစိုးရပိုင်းကရာထူးအကြီးဆုံးတွေနဲ့ တခြားတစ်ဖက်က ဩဇာအာဏာဆိုလို့ စိုးစဉ်မျှမရှိကြရှာတဲ့ ကျွန်းနေပြည်သူ၊ ထိပ်ဆုံးနဲ့အောက်ဆုံးကြားက နိုင်ငံရေးအင်အားပြိုင်ပွဲမှာ လက်ဝင်ရှိုမိတဲ့ ဒီရိုလာတစ်ယောက် တစ်ချက်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေချရဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားလေးထဲမှာတော့ နိုင်ငံရေးဆိုတဲ့မျက်နှာဖုံးအောက်က အာဏာရှင်လက်မည်းကြီးတွေရဲ့ပြိုင်ဆိုင်မှုနဲ့အတူ၊ အကျိုးအမြတ်နဲ့ပတ်သက်လာတဲ့အခါမှာတော့ သေမင်းနဲ့ပဲ အပြိုင်စစ်ခင်းရပါစေ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လောဘသားတွေရဲ့စရိုက်နဲ့ လူ့သဘောသဘာဝကို ပေါ်လွင်အောင်ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတိုင်း philosophical thinkingတစ်ခုစီတော့ ရသွားစေမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size : 3.2GB, 1GB, 493MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 45mins Genre : Drama Translated by Jane Encoded by Kinnov