
Pacific Rim (2013) IMDb Rating (6.9) / Rotten Tomatoes (72 %) အမေရိကန် စိတ်ကူးယဉ်သိပ္ပံ Monster ရုပ်ရှင် ဖြစ်တဲ့ Pacific Rim ဟာ 2013 မှာစတင်ထွက်ခဲ့ပြီး Monster ရုပ်ရှင်ကြိုက်တဲ့ သူတွေကြားမှာ အရမ်းအောင်မြင်မှုရရှိခဲ့ဖူးပါတယ်။ အကြောင်းအရာကတော့ အနာဂတ်ကာလမှာ Kaiju လို့ခေါ်တဲ့ ပင်လယ်သမုဒ္ဓရာထဲ ဧရာမ မွန်းစတားကြီးတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကို လူသားတွေဟာ ဧရာမစက်ရုပ်ကြီး (Jaegers) တွေ တည်ဆောက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့ အကြောင်းပါ။ 2013 မှာ ထွက်ရှိခဲ့တဲ့ Pacific Rim ဟာ visual effects၊ action scene တွေနဲ့ ပတ်သက် အများအပြား ချီးကျူးခံခဲ့ရပေမဲ့ U.S Box office မှာ underperforming ဖြစ်ခဲ့ပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တော့ အရမ်းအောင်မြင်မှု ရခဲ့တဲ့အပြင် ဝင်ငွေ စုစုပေါင်း $411 million ထိ ရရှိခဲ့ပါတယ်။ ငယ်ငယ်က DVD အခွေနဲ့ ထပ်ခါထပ်ခါ အကြိမ်ကြိမ် ကြည့်ခဲ့ရတဲ့ မွန်းစတားကား တစ်ခုဆိုလည်း မမှားဘူး။ ဇာတ်လမ်းအကျဉ်း – Pacific သမုဒ္ဓရာ ကြမ်းပြင်တစ်နေရာက Interdimensional Portal ကနေ ထွက်လာတဲ့ Kaiju ခေါ် Alien Monster ကြီးတွေဟာ အချိန်အပိုင်းအခြားတစ်ခုကြာတာနဲ့ ကုန်းပေါ်တက်လာပြီး မြို့ကြီးပြကြီးတွေကို လိုက်ဖျက်စီးခဲ့ကြပါတယ်။ စစ်ဘက်ဆိုင်ရာ လက်နက်တွေနဲ့ မတိုးတဲ့ ဒီ Kaiju တွေကို ခုခံဖို့ လူသားတွေဟာလည်း သူတို့ရဲ့ ကိုယ်ပိုင် Monster (Jaegers ခေါ် ဧရာမစက်ရုပ်ကြီးများ) တွေကို တည်ဆောက်ကာ ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ သိုသော်လည်း ခုခံနေရုံ မပြီးမှန်းသိရှိလာတဲ့ အခါမှာတော့ လူသားတွေဟာ Kaiju တွေ အမြဲထွက်လာတဲ့ Pacific သမုဒ္ဓရာ ကြမ်းပြင်က portal ကို ပိတ်ဖို့ Mission နဲ့အတူ ကျန်ရှိနေတဲ့ Jaegers အကုန်လုံးစုစည်းပြီး စေလွှတ်ခဲ့ပါတယ်။ Monster ကားကြိုက်တတ်တဲ့သူမျိုးဆိုရင် ချန်ထားလို့မရတဲ့ ကြည့်ကို ကြည့်ရမယ့် ဇာတ်ကားမျိုးဖြစ်တာကြောင့် မကြည့်ရသေးရင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်.. – Paras1te (ရုပ်ရှင်အညွှန်းကို AnemoiVerse FB Page မှ ကူးယူဖော်ပြပါသည်။) Pacific Rim ရဲ့ ဒုတိယမြောက်ရုပ်ရှင်အဖြစ် cific Rim: Uprising (2018)ထွက်ရှိခဲ့ပြီး CM မှာ တပါတည်းတင်ဆက်ထားပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 11 GB | Download | |
| 720p | 3.1 GB | Download | |
| 720p | 3.1 GB | Download | |
| 720p | 3.1 GB | Download | |
| 720p | 3.1 GB | Download |
ထုတ်လွှင့်သည့်နေ့
July 11, 2013
ကြာချိန်
2h 11m
အဆင့်သတ်မှတ်ချက်
6.9 / 10
Director
Guillermo del Toro