
IMDb Rating (7.1) အမီတာဘဂျမ်းတို့ သားအဖ အတူတွဲပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားက အငိုရဆုံးနဲ့အထိဆုံးပါပဲ။ ဒီထဲမှာတော့ အမီတာဘဂျမ်းက ၁၂ နှစ်အရွယ် သားအဖြစ် သရုပ်ဆောင်ထားပြီး အဗီရှိတ်ဘဂျမ်းက ဖခင်နေရာကနေ ပြောင်းပြန် သရုပ်ဆောင်ထားကြပါတယ်။ အမီတာဘဂျမ်း တဖြစ်လဲ Auro ဆိုတဲ့ကောင်လေးဟာ ရှားပါးရောဂါဖြစ်တဲ့ Progeria (မျိုးဗီဇချို့ယွင်းမှုကြောင့် အိုမင်းမြန်တဲ့ရောဂါ) ခံစားနေရတာကြောင့် အသက် ၁၂ နှစ်မှာပဲ အလွန်အမင်းအိုမင်းရင့်ရော်တဲ့ကလေးငယ်လေးတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမယ့်သူဟာ ဉာဏ်ရည်ထက်မြက်တဲ့ကောင်လေးဖြစ်ပါတယ်။ အဗီရှိတ်ဘဂျမ်း တဖြစ်လဲ Amol Arte ကတော့ တက်ကြွတဲ့နာမည်ကြီးနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး Auro ရဲ့ဖခင် ဖြစ်ပေမယ့် လူသိမခံထားပါဘူး။ မင်းသမီး Vidya Balan တဖြစ်လဲ Dr. Vidya ကတော့ Auro ရဲ့မိခင်ဖြစ်ပြီး ရောဂါသည် သားလေးကို စောင့်ရှောက်နေသူလေးပါ။ ထူးဆန်းတဲ့ရောဂါသည်သားလေးနဲ့ သားကိုသိပ်ချစ်တဲ့မိခင်နဲ့ သားကို လူသိမခံဝံ့တဲ့ ဖခင်နိုင်ငံရေးသမားနဲ့တို့ကြားမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……….။ ဒီဇာတ်ကားက ဆုပေးပွဲများစွာမှာ Best Actor,Best Actress ဆုတွေနဲ့ တခြားဆုပေါင်းများစွာ ရရှိခဲ့တဲ့ ဘောလိဝုဒ်ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦး။ (ဒီဇာတ်ကားကို Zwe Mann မှ ဘာသာပြန် ခံစားတင်ဆက်ထားပါတယ်။)