
Over the Border (2006) ************************** “Over the Border” (မူရင်းနာမည်: Gukgyeongui namjjok) ဆိုတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးလာရတဲ့ မိသားစုတစ်စုရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စိတ်ထိခိုက်ဖွယ်ရာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Ahn Pan-seok ရိုက်ကူးပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ ချာဆွန်းဝမ်၊ ဂျိုယီဂျင်းနဲ့ ရှင်းဟယ်ဂျင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း *************** မြောက်ကိုရီးယားက ပြည်နယ်သံစုံတီးဝိုင်းမှာ Horn တီးမှုတ်တဲ့ ဂင်ဆွန်းဟို (ချာဆွန်းဝမ်) ဟာ သူ့မိသားစုနဲ့အတူ ငြိမ်းချမ်းစွာ နေထိုင်ရင်း ချစ်ရတဲ့ ယွန်းဟွာ (ဂျိုယီဂျင်း) နဲ့ အနာဂတ်ကို ပုံဖော်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာရှိတဲ့ ဆွန်းဟိုရဲ့အဘိုးဖြစ်သူနဲ့ စာအဆက်အသွယ်လုပ်တာကို မြောက်ကိုရီးယား လျှို့ဝှက်ဝန်ဆောင်မှုဌာနက သိရှိသွားတဲ့အခါ သူတို့မိသားစုဟာ အဘိုးရှိရာ တောင်ကိုရီးယားကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ တောင်ကိုရီးယားကို ခက်ခက်ခဲခဲ ရောက်ရှိလာပြီးနောက် အဘိုးဖြစ်သူက ဆုံးပါးသွားခဲ့ရာ ဆွန်းဟိုတို့ မိသားစုဟာလည်းအရာအားလုံးကို အစကနေ ပြန်လည်တည်ဆောက်ရပါတော့တယ်။ မြောက်ကိုရီးယားမှာ ချန်ထားခဲ့ရတဲ့ ချစ်သူယွန်းဟွာကိုလည်း တောင်ကိုရီးယားကို ခေါ်ဆောင်လာဖို့ ကြိုးစားပုံ၊ မိသားစုဝင်တွေကြားက ပဋိပက္ခတွေနဲ့ ကိုရီးယားနိုင်ငံ နှစ်ခြမ်းကွဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လူမှုရေးရှုထောင့်ကနေ ပုံဖော်ပြသထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ “Over the Border” ဟာ ဒရာမာဆန်ပြီး စိတ်ခံစားမှု ပြင်းထန်တဲ့ ဇာတ်ကားကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 2.77 GB/ 922 MB Quality – WEB-DL 1080p/ 720p Duration – 1h 49m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet