
ဇာတ်လမ်းလေးက အမေရိကန်စာရေးဆရာ Jack Kerouac ရဲ့ “ On the Road” ဆိုတဲ့ အထင်ကရစာအုပ်ကို အခြေခံပြီး ရိုက်ကူးထားပါတယ် ။ စာအုပ်ထဲမှာ ဆိုရင် Jack က ဆယ် အဖြစ်နဲ့ သူ့သူငယ်ချင်း စာရေးဆရာ Allen Ginsberg ကို ကာလို အဖြစ်နဲ့ တခြားသူငယ်ချင်းတွေနဲ့ ခရီးတွေ သွားဖြစ်ကြတဲ့အကြောင်း ၊ ကြုံရဆုံရ လူ့ဘဝအကြောင်းတွေကို ရေးသားထားပါတယ်။ ဒါကို ဒါရိုက်တာ Walter Salles က သူ့ရဲ့ ရုပ်ရှင်ရုပ်ရှင်ပိတ်ကားထက်မှာ ပညာသားပါပါ အနုပညာပညာဆန်ဆန် ရိုက်ကူးပြသထားပါတယ်။ လူငယ်စာရေးဆရာ ဆယ် ပါရာဒိုက် ဟာ သူ့အဖေသေဆုံးပြီးနောက် စာရေးဖို့ စိတ်ကူးဉာဏ်တွေ ပျောက်ဆုံးနေတဲ့အချိန်…ဒင်း နဲ့ တွေ့ဆုံပြီး စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ ဒင်း က ဆေးသုံးတယ် မိန်းမလိုက်စားတယ် အရှုပ်ထုပ်တွေ လုပ်တတ်တဲ့ သူပါ။ ဆယ် တစ်ယောက် ဒင်းနဲ့ အတူ အမေရိကတစ်ခွင်က လမ်းမတွေပေါ်မှာ ခရီးသွားကြရင်း…ပျော်စရာတွေ ရှာဖွေကြရင်း…လူအမျိုးမျို း စိတ်အထွေထွေနဲ့ တွေ့ကြုံကြရင်း… ဘဝအကြောင်းတွေ ဒင်းဘဝနဲ့ ပတ်သတ်တာတွေ ဆယ်ရဲ့ မှတ်စုစာအုပ်လေးထဲကနေ “On The Road” ဆိုတဲ့ စာအုပ်တစ်အုပ်အနေနဲ့ ဘယ်လို ရုပ်လုံးပေါ် လာမလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (18+ ဇာတ်ဝင်ခန်းတွေ စကားပြောတွေ ပါဝင်တာကြောင့် မိဘတွေနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ) File size…2.92GB / 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 4m Genre ..... Adventure , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.9 GB | Download | |
| 1080p | 2.9 GB | Download | |
| 720p | 990 MB | Download | |
| 720p | 990 MB | Download |