
On the Beach at Night Alone (2017) ~ IMDb – 6.8/10, RT – 92%, Meta – 80% ~ On the Beach at Night Alone ကို ဟုန်းဆန်းဆူရဲ့ မာစတာပိစ်ကားလို့ ဆိုကြတယ်။ Right Now, Wrong Then ထဲက မင်းသားနဲ့မင်းသမီးဖြစ်ခဲ့တဲ့ Jung Jae-young နဲ့ Kim Min-hee ကိုပဲ သုံးထားတယ်။ သူ့ရဲ့လက်စွဲတော်လည်းဖြစ်ခဲ့ သူ့မိန်းမလည်းဖြစ်တဲ့ Kim Min-hee ကတော့ ဒီတစ်ကားလုံးရဲ့ အခရာပါပဲ။ ပြောရရင် ဒီကားက Right Now, Wrong Then အပြီး သူနဲ့ကင်မင်ဟီးဖောက်ပြန်နေတာကို လူသိသွားပြီးတဲ့နောက် ရိုက်ခဲ့တဲ့ကား။ အဲဒီအခြေအနေကလည်း ဒီကားမှာ ထင်ဟပ်နေတယ်။ ဆိုတော့ အဲဒီအခြေအနေကို သိထားရင်တော့ ဒီကားရော သူ့နောက်ပိုင်းကားတွေရောက အရသာနည်းနည်းပိုရလိမ့်မယ်။ ဒီကားရဲ့မိတ်ဆက်ပွဲမှာပဲ ဟုန်းဆန်းဆူနဲ့ ကင်မင်ဟီးက သူတို့အခြေအနေကို အတည်ပြုပေးခဲ့တယ်။ ဇာတ်လမ်းကလည်း အိမ်ထောင်ရှိတဲ့ဒါရိုက်တာနဲ့ ဖောက်ပြန်ပြီး နာမည်ကျသွားတဲ့မင်းသမီးတစ်ယောက်ရဲ့ စိတ်အခြေအနေနဲ့ ဖြတ်သန်းမှုတချို့အကြောင်းသက်သက်ပဲ။ ဟုန်းဆန်းဆူဟာ ကိုရီးယားဒါရိုက်တာတွေထဲတော့ ရိုးရှင်းမှုနဲ့ အလှတရားကိုပေါင်းစပ်တတ်တဲ့ထဲ အကြမ်းဆုံးလို့ပြောရမယ်။ သူ့ကားမှန်သမျှက အင်မတန်ရိုးရှင်းလွန်းလို့ ပုံမှန်ကိုရီးယားပရိသတ်ဆို ပျင်းဖို့ကောင်းလွန်းလို့ စိတ်ပျက်သွားနိုင်တယ်။ ဒါပေမဲ့ ဟုန်းဆန်းဆူဟာ ငြိမ်နေတဲ့လူတွေနဲ့ ငြိမ်နေတဲ့စကားပြောခန်းတွေသက်သက်မှာပဲ အမြဲ စိတ်ရဲ့တစ်လွှာလွှာကို ခွာချပြတတ်တယ်။ ဒါကို ကင်မင်ဟီးရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ ပေါင်းစပ်ထားပြီး သူတို့ဆက်ဆံရေးရဲ့ အခရာအကျဆုံးကာလ စိတ်ခံစားချက်အများဆုံးကာလမှာ ရိုက်ခဲ့တာဆိုတော့ မာစတာပိစ်ဖြစ်နေတာလည်း ဆန်းတော့မဆန်းဘူး။ ဒီရုပ်ရှင်မှာ ပြိုလဲနေတဲ့လူတစ်ယောက်ရှိတယ်။ အဲဒီလူနဲ့ သူ့ဘေးကလူတွေရဲ့ သာမန်ညောင်ညစကားပြောခန်းတွေရှိတယ်။ ဒီဘာမှမဟုတ်တဲ့ စကားဝိုင်းတွေနဲ့ ဘာမှဖြစ်မလာတဲ့ဇာတ်ကနေပဲ ဒီရုပ်ရှင်က ခင်ဗျားမှာရှိပြီးသား လောကအမြင်ကိုပိုခိုင်မာစေတာဖြစ်ဖြစ် လောကအမြင်အသစ်တစ်ခုခုရစေတာဖြစ်ဖြစ် ဖြစ်စေနိုင်တယ်။ အဲဒါကိုက ဟုန်းဆန်းဆူရဲ့ အရသာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 870MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 41Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download | |
| 720p | 870MB | Download |
ထုတ်လွှင့်သည့်နေ့
March 23, 2017
ကြာချိန်
1h 41m
အဆင့်သတ်မှတ်ချက်
6.8 / 10
Director
Hong Sang-soo